မိတ္ထီလာမြို့နယ်၌ (၇၅)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကျင်းပ

မိတ္ထီလာ   မေ    ၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ (၇၅)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက  ခရိုင်မီးသတ်ဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မိတ္ထီလာခရိုင်မီးသတ်ဦးစီးဌာနမှ (၇၅)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် အဖြစ် ခရိုင်ဦးစီးမှူး ဦးကျော်ဆန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မိတ္ထီလာခရိုင်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆရာတော်၊ သံဃာတော်များအား ဆွမ်း ဆက်ကပ်လှူဒါန်းပြီး ရေစက်ချ တရားနာယူခဲ့ကြသည်။ ထို့နောက်(၇၅)နှစ်မြောက် မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့နေ့ အထိမ်းအမှတ် အခမ်းအနားကို ဆက်လက်ကျင်းပရာ မိတ္ထီလာခရိုင် မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်ဆန်းက မြန်မာနိုင်ငံမီးသတ်ဦးစီဌာန(ရူံးချုပ်)မှ ပေးပို့လာသော သဝဏ်လွှာအား   ဖတ်ကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် မိတ္ထီလာမီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်ဆန်းနှင့် မီးသတ်တပ်ဖွဲ့ဝင် များက မိတ္ထီလာမြို့နယ်အတွင်းရှိ အငြိမ်းစားမီးသတ်ဝန်ထမ်းနှင့် အသက် (၇၀)နှစ်အထက် တာဝန်ထမ်း ဆောင်ဆဲ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လှူဖွယ်ဝတ္ထုများဖြင့် ကန့်တော့ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်ကျော်