မြင်းခြံခရိုင် ကုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး ပြန်လှည်ဖွင့်လှစ်၍ လူနာများအား ဆေးကုသပေးလျက်ရှိ

မြင်းခြံ မေ ၃

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ကုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးကို ယနေ့မှစတင်ကာ ပြန်လှည်ဖွင့်လှစ်၍ လူနာများအား စတင်လက်ခံကုသပေးလျက်ရှိကြောင်း သိရသည်။

မြင်းခြံခရိုင် ပြည်သူ့ဆေးရုံကြီး ဖွင့်လှစ်ပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးတင့်လှိုင်က အဖွင့်အမှာစကားပြော ကြားခဲ့ပြီး သက်ဆိုင်ရာ ဆရာဝန်များအလိုက် လုပ်ဆောင်မည့် လုပ်ငန်းတာဝန်များကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြသည်။ ထို့နောက် မြင်းခြံ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးတင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးမင်းသိန်းနှင့် အဖွဲ့ဝင်များ၊ ဒေါက်တာ မျိုးညွန့်နှင့် ကျန်းမာရေးဝန်ထမ်းများက ဆေးရုံဖွင့် လှစ်ထားရှိမှုအခြေအနေများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ပြည်သူများအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများနှင့်ပတ်သက်၍ မြင်းခြံခရိုင် ပြည်သူ့ ဆေးရုံကြီးတွင် လာရောက်ပြသ ကုသနိုင်ပြီဖြစ်ကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)