သန်လျင်မြို့နယ်တွင် ​မိုးဦးကာလနှင့် မိုးတွင်းကာလ ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းများ ဆောင်ရွက်

ရန်ကုန် မေ ၁

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် မိုးဦးကာလနှင့် မိုးတွင်းကာလများ၌ ရေစီးရေလာ ကောင်းမွန်စေရေး အတွက် သန်လျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ရေနုတ်​မြောင်းများ ဆယ်ယူခြင်း လုပ်ငန်အား ယနေ့ နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် သန်လျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ သန့်ရှင်းရေးဌာနစိတ်မှ သန့်ရှင်းရေး ဝန်ထမ်းများက သန်လျင်မြို့ မြို့​မတောင်ရပ်ကွက်ရှိ သီတာရေမြောင်းကြီး ၁ နှင့် ၂ တို့တွင် မိုးဦး ကာလနှင့် မိုးတွင်းကာလများတွင် ရေနုတ်မြောင်း ပိတ်ဆို့မှုမဖြစ်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေ ရေးအတွက် ရေမြောင်းအတွင်းရှိ အမှိုက်များနှင့် နှုံးများ ဆယ်ယူရှင်းလင်းခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အဆိုပါ သန်လျင်မြို့နယ်အတွင်း မိုးဦးကာလနှင့် မိုးတွင်းကာလ ရေစီးရေလာ ကောင်းမွန်ရေးအတွက် ရေနုတ်မြောင်းများ ဆယ်ယူရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာသို့ သန်လျင်မြို့နယ် စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိုက်စိုးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုစစ်ဆေးကာ  လိုအပ်သည်များ ပေါင်းစပ်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သက်ခိုင် (သန်လျင်)