မြောက်ဦး ဧပြီ ၂၉
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက် ၂၁ နှစ်အောက် မြို့နယ်ပေါင်းစုံဘောလုံးပြိုင်ပွဲကို ယမန်နေ့ ညနေ ၄ နာရီက မြို့မဘောလုံး အားကစားကွင်းအတွင်း၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် ၂၁ နှစ်အောက် မြို့နယ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ကျင်းပရာတွင် မြောက်ဦးခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ်၊ မြေပုံမြို့နယ်နှင့် မြောက်ဦးမြို့နယ် စသည့် လေးမြို့နယ် မှ ဘောလုံးအသင်းလေးသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ယမန်နေ့ပွဲစဉ်တွင် ကျောက်တော်မြို့နယ်အသင်းနှင့် မြေပုံမြို့နယ်အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြရာ ကျောက်တော်မြို့ နယ်အသင်းက မြေပုံမြို့နယ်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ယခုကျင်းပပြုလုပ်သည့် မြောက်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက် ၂၁ နှစ် အောက် မြို့နယ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲကို ဧပြီ ၂၆ ရက်နေ့မှ စတင်ယှဉ်ပြိုင်ကစားလျက်ရှိပြီး ဗိုလ်လုပွဲနှင့်ဆုပေးပွဲကို မေလ ၁ ရက် ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ခရိုင်အား ကစားနှင့်ကာပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးလှမြင့်အောင်ထံမှ သိရှိရသည်။
ခင်မောင်ထွန်း