မြောက်ဦး ဧပြီ ၂၉
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းရှိ ကျေးရွာအချို့နှင့်တိုက်ပွဲရှောင် စခန်းများတွင် နွေရာသီကာလ ရေတွင်း၊ ရေကန်များ ခန်းခြောက်ပြီး ရေပြတ်လပ်မှုများနှင့် သောက်သုံးရေများအခက်အခဲကြုံတွေ့နေရကြောင်းသိရှိရ၍ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင် စီမှ စီစဉ်ဆောင်ရွက်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယမန် နေ့ နံနက် ၈ နာရီက သောက်သုံး ရေအခက်အခဲကြုံတွေ့နေရသော ကျေးရွာများ သို့သွားရောက်ကာ သောက်သုံးရေများဖြန့်ဝေ လှူ ဒါန်းပေးခဲ့ကြောင်း သိရသည်။
မြောက်ဦးမြို့နယ်သည် နှစ်စဉ်ပွင့်လင်းရာသီဖြစ်သော မတ်လမှမေလအထိ ကျေးလက် ဒေသများမှ ကျေးလက်နေပြည်သူများ သောက်သုံးရေ အခက်အခဲများနှင့်ကြုံတွေ့ရလေ့ရှိကာ ယခု နှစ်တွင်လည်း သောက်သုံးရေအတွက်အားထားရသော မြေသားရေလှောင်ကန်များ၌ ဆောလျင် စွာရေခန်းခြောက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံပြည်သူများပြောပြချက်အရသိရသည်။
ဆက်လက်၍ သောက်သုံးရေများအခက်အခဲကြုံတွေ့နေရသည့် မြောက်ဦးမြို့နယ်၊ တိန်ညိုကျေး ရွာသစ် ဘုန်းတော်ကျောင်း တွင်ဖွင့်လှစ် ထားရှိသော တိန်ညိုတိုက်ပွဲရှောင်စခန်း ၊ ပုဇွန်ဖေကျေးရွာ တိုက်ပွဲရှောင်စခန်း၊ တင်းထိန်ကန်ကျေးရွာတိုက်ပွဲရှောင် စခန်းများရှိပြည် သူများနှင့် ရေအခက်အခဲ ဖြစ်နေသော အိုးထိမ်း၊ လိပ်ဆင်းပြင်၊ ရှာရှည်ပြင်စသည့် ကျေးရွာများရှိ ဒေသခံပြည်သူများ သောက်သုံးရေအခက် အခဲမရှိစေရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဆိုပါတိုက်ပွဲရှောင် စခန်းများနှင့်ကျေးရွာများသို့ သွားရောက်ပြီး သောက်သုံးရေ ၂၈၀၀၀ ဂါလံကို စနစ်တကျဖြန့်ဝေ ပေးခဲ့ကြောင်း သိရှိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)