စစ်တွေ ဧပြီ ၂၈
ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မင်းနှင့် စစ်တွေမြို့ ခုတင်(၅၀၀) ဆံ့ပြည်သူ့ဆေးရုံကြီးရှိ ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက အဆိုပါဆေးရုံကြီး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
တွေ့ဆုံစဉ် ရခိုင်ပြည်နယ်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ ကြည်လွင်က ရခိုင်ပြည်နယ်၏ ကျန်းမာရေး စောင့်ရှောက်မှုအခြေအနေများကို Power Point ဖြင့်ရှင်းလင်းတင်ပြသည်။ ထို့နောက် ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မင်းက လမ်းညွှန်အမှာစကား ပြောကြားရာတွင် မိမိတို့သည် နိုင်ငံ့ဝန်ထမ်းများဖြစ်သဖြင့် မိမိတို့၏ ပင်မတာဝန်ဖြစ်သော ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်ပေးနေရ မည်ဖြစ်ပါကြောင်း၊ မိမိဒေသ ကျန်းမာရေးကိစ္စများ ပိုမိုတိုးတက်ကောင်းမွန်အောင် အဓိကဆောင်ရွက်ရန် တာဝန်ရှိသူများ ဖြစ်ပါကြောင်းပြောကြား သည်။
ဆက်လက်၍ ကျန်းမာရေးဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်ပေးကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)