ခရမ်းမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အပ်ချုပ်စက် (ခြေနင်း) သင်တန်း ဖွင့်လှစ်

ခရမ်း ဧပြီ ၂၈

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ ဆင်ကျွန်းကျေးရွာတွင် ကျေးလက်နေပြည်သူများ အတတ်ပညာများ ပြန့်ပွား၍ အလုပ်အကိုင်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိပြီး မိသားစုဝင်ငွေတိုး ၍ လူနေမှုဘဝ တိုးတက်စေရန် ရည်ရွယ်၍ ခရမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးမှူး၍ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရသည်။

သင်တန်းဖွင့်လှစ်ပွဲသို့ ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဆန်းထွန်း၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးအေးကြူ၊ မြို့နယ်ကျေးလက်ဦးစီးမှူး ဦးစတင်မျိုးလွင်တို့က သင်တန်းဖွင့် အမှာစကားနှင့် သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြား၍ ဖွင့်လှစ် ပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါသင်တန်းသို့ ခရမ်းမြို့နယ် ဆင်ကျွန်းကျေးရွာနေ ပြည်သူ (၃၀) ဦးတို့ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ တစ်လကြာမြင့်မည်ဖြစ်ကြောင်း သိရှိရသည်။

ကိုမင်း (ခရမ်း)