မိုးမိတ် ဧပြီ ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် မြို့နယ် ပြည်သူ့ဆေးရုံ၌ စုရပ်ပြုလုပ်၍ သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်သား မိဘပြည်သူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခဲ့ရာ ထိုးနှံမည်သူ ဦးရေမှာ (၃၃၂၀) ဦးရှိရာ ယနေ့ဧပြီလ ၂၆ ရက် နေ့အထိ ထိုးနှံပြီးစီးမှုမှာ (၂၅၁၉)ဦး အထိ ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်တွင် မိုးမိတ်မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများနှင့် ဌာန ဆိုင်ရာဝန်ထမ်းများ၊ ဒေသခံတိုင်းရင်သားမိဘပြည်သူများ၊ သယ်ယူပို့ ဆောင်ရေး လုပ်သားများကို ဒုတိယအကြိမ်ထိုးနှံပေးခြင်းဖြစ်သည်။
ထိုသို့ထိုးနှံရာတွင် ရှေးဦးစွာ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ စာရင်းရေးသွင်းခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးနောက် မိနစ်(၃၀) စောင့်ကြည့်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၃၀၀၀) ရရှိပြီး ပထမအကြိမ်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို မတ်လအတွင်းက ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မိုးမိတ်သား(စည်သူဌေး)