ပုဗ္ဗသီရိမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

နေပြည်တော် ဧပြီ ၂၇

ပြည်တောင်စုနယ်မြေ၊နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေအား ယမန်နေ့ မွန်းလွဲပိုင်းတွင် ပုဗ္ဗသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို ပုဗ္ဗသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နေခြည်ဇာဝေနှင့် ဝန်ထမ်းများသည် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရန်ပုံငွေတစ်ရွာလျှင် ငွေကျပ် သိန်းတစ်ရာနှုန်း ထောက်ပံ့ ပေးအပ်ခဲ့သည့် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဝဲကြီးကျေးရွာအုပ်စု ဝဲကြီးကျေးရွာ၊ သစ်ယာကျေးရွာအုပ်စု သရက်သမိန်ကျေးရွာနှင့် ဇီးကုန်းကျေးရွာအုပ်စု ဇီးကုန်းကျေးရွာတို့တွင် ရေစီးရေလာ ကောင်းမွန်စေရန် အုတ်စီရေမြောင်း တူးဖော်နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့သည်။

ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းကြောင့် ကျေးလက်နေ ပြည်သူများ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ပြီး အလုပ်အကိုင်များရရှိလျက်ကြောင်းသိရသည်။

သန္တာလင်း