မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နှစ်ရှည်ပင်များ သုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးဌာန (မော်လမြိုင်) တွင် သုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှု

မော်လမြိုင်      ဧပြီ      ၂၇

မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် ကောင်စီဝင်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများတို့သည် ယနေ့မွန်းလွဲ ၁ နာရီခွဲက မော်လမြိုင်မြို့ ဖားအောက်ကျေးရွာရှိ စိုက်ပျိုးရေးဦးစီးဌာန၊ နှစ်ရှည်သီးနှံဌာနခွဲ၊ နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဌာန (မော်လမြိုင်) သို့ သွားရောက်၍ သုတေသနလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်း ကြည့်ရှုခဲ့သည်။

ရှေးဦးစွာ မွန်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့အား  အစည်းအဝေးခန်းမတွင် မွန်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်ဇော်နိုင်နှင့် နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဌာန(မော်လမြိုင်)တာဝန်ခံအရာရှိတို့က နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးဌာန(မော်လမြိုင်)တွင် ရော်ဘာနှင့် ဆီအုန်း မျိုးကောင်းမျိုးသန့် ထုတ်လုပ်မှု အခြေအနေ၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့အား ရှင်းလင်းတင်ပြပြီး တင်ပြချက်များအပေါ် မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများတို့က လိုအပ်သည်များကို လမ်းညွှန်မှာ ကြားသည်။

အဆိုပါ နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဌာန (မော်လမြိုင်)သည် မော်လမြိုင် မြို့နယ်မှ (၈) မိုင် (၅) ဖာလုံအကွာ မော်လမြိုင်- ကျိုက္ခမီ ကားလမ်းမကြီးဘေးတွင် တည်ရှိပြီး ရော်ဘာ၊ ဆီအုန်းနှင့် အခြားနှစ်ရှည်သီးနှံများကို စိုက်ပျိုးထားကာ သုတေသနလုပ်ငန်းများကိုလည်း လုပ်ဆောင် လျက်ရှိသည်။

ထို့နောက် မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည့် နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဌာန (မော်လမြိုင်) တွင် သုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ အား လှည့်လည်ကြည့်ရှုပြီး နည်းပညာတက္ကသိုလ် (မော်လမြိုင်)တွင် ရွှေဇီဝ၊ သဘာဝဇီဝမြေဩဇာ ထုတ်လုပ်နေမှုအခြေအနေအား ကြည့်ရှုခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)