ကျိုင်းတုံ ဧပြီ ၂၆
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် အတူ ယမန်နေ့ညနေ(၃)နာရီ က ကျိုင်းတုံမြို့ခေမရဌ်ရိပ်သာ၌ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်/ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မြိူ့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် တွေ့ဆုံကြောင်း သိရသည်။
ဆက်လက်၍ ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်နယ်/ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် အပြန်အလှန်မိတ်ဆက်ကြပြီး ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင် ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးမှ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းသည်။ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကာလတွင် မပြီးပြတ်သေးသည်လုပ်ငန်းများ ဆောင်ရွက်နေရပါကြောင်း၊ န်ုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ မှာကြားချက်ဖြစ်သည့် လျှပ်စစ်၊ လမ်းပန်း၊ ဆက်သွယ်ရေး၊ လူစွမ်းအားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အဓိကထားဆောင်ရွက်ရန်နှင့် အဓိကကျသည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးသည် မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုင်းပြည်ကိုအရေးပေါ် ကာလတွင်လုပ်ငန်းများကို မြန်မြန်ဆောင်ရွက်ရန်လိုကြောင်း၊ အဓိကစိုက်ပျိုးရေးနှင့် မွေးမြူရေး သင်တန်းကျောင်းဖွင့်ရန် လိုအပ်ပါကြောင်း၊ ဟိုတယ်ခရီးများလည်း မကြာခင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် တိုင်းရင်းသားဒေသများကို စိတ်ဝင်စားပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၏မှာကြားချက်အရ ကျေးလက်နှင့် မြို့ပြကွာဟာမှု အတတ်နိုင်ဆုံးနည်းရန်နှင့် လျှပ်စစ်ကဏ္ဍကို ဦးစားပေးဆောင်ရွက်နေကြောင်း၊ အချို့ရွာများလည်း မြို့နှင့်မခြားလျှပ်စစ်မီးများရရှိနေပြီဖြစ်ကြောင်း၊ ကျေးလက်ကဆင်းရဲပြီး မြို့ပြကချမ်းသာနေလျှင် ကွာဟမှုမရှိအောင် ပေါင်းစပ်ပေးရမည် ဒါကြောင့် ရှမ်းပြည်နယ်အရှေ့ပိုင်း ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ချက်များကို အမြန်ဆုံးတင်ပြပေးရန်နှင့် မိမိတို့အနေဖြင့် အစည်းအဝေးပြုလုပ်ကအမြန်ဆုံး ဆောင်ရွက်ပေးပါကြောင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ တိုင်းရင်းသားကဏ္ဍများသည်လည်း ဖွံ့ဖြိုးတိုးတက်ရန်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းရသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသွားသည်။
မောင်မောင်သန်း(တောင်ကြီး)