မြစ်သားမြို့နယ်တွင် ရှမ်းဗျက်ကုန်း ကုန်ထုတ်လမ်းနှင့် တံတားတည်ဆောက်ရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

မြစ်သား  ဧပြီ  ၂၆

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မူလငွေလုံးငွေရင်း ရန်ပုံငွေဖြင့် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သော တည်ဆောက်ရေးလုပ်ငန်းများအား စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစေရေးနှင့် သတ်မှတ်ကာလအတွင်း အပြီးသတ် ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများမှ ယနေ့နံနက် နာရီက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဉက္ကဋ္ဌ ဦးအောင်မိုး၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုကိုအောင်တို့က ရှမ်းဗျက်ကုန်း ကုန်ထုတ်လမ်းပိုင်း မြေသား()ပေထုတင်ခြင်း၊ ဂျင်း()လက်မထုတင်ခြင်း၊ လမ်းပခုံးမြေဖို့ခြင်းနှင့် ရေမြောင်းတူးခြင်း လုပ်ငန်း(/.)မိုင် လမ်းတည်ဆောက်နေမှုနှင့် ရှမ်းဗျက်ကုန်း ကုန်ထုတ်လမ်းပေါ်ရှိ တံတားတည်ဆောက်ခြင်း လုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်း များနှင့် ပြည့်မီစေရေး  ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။

မြမြမွန်(မြစ်သားပြန်/ဆက်)