ကျောက်ဆည်မြို့နယ်တွင် နွေစပါးစိုက်ပျိုးရန်အတွက် ဆည်ရေမရသော်လည်း အခြားနွေသီးနှံအတွက် ပေးဝေသော ရေပိုများဖြင့် တောင်သူအချို့ နွေစပါးများစိုက်ပျိုး

ကျောက်ဆည်  ဧပြီ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် နွေစပါးစိုက်ပျိုးရန်အတွက် ဆည်ရေမရသော်လည်း တောင်သူများအနေဖြင့် နွေနှမ်းနှင့်ပဲတီစိမ်း စိုက်ပျိုးရန်အတွက် ပေးဝေသည့် ပိုရေများ၊ ကျွဲ၊ နွား သောက်သုံးရန်နှင့် မြောင်းများ အတွင်းရှိ အမှိုက်များ ရှင်းလင်းသည့်အနေဖြင့် ရေလွှတ်သည့် အမှိုက်ရှင်း မြောင်းရေများဖြင့် တောင်သူတစ်ချို့ နွေစပါးများ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

စပါးစိုက်ပျိုးရေမှန်ပါက စပါးတစ်ဧကအတွက် ပျိုးထောင်ရာတွင် မျိုးစေ့()တင်းသာ အသုံးပြုရပြီး ယခုနှစ် နွေစပါး စိုက်ပျိုးရာတွင် စိုက်ပျိုးရေ မသေချာသောကြောင့် တောင်သူများအနေဖြင့် ရွှေမနော် စပါးတစ်ဧက စိုက်ရန်အတွက် စပါးမျိုး()တင်းခွဲမှ ()တင်းအထိ အပိုဆောင်း၍ ပျိုးထောင်းထားရကြောင်း သိရှိရကာ လယ်တစ်ဧက ကုန်ကျမှုအနေဖြင့် မျိုးစပါး()တင်းဖိုးအတွက် ငွေကျပ်()သောင်းခွဲ၊ ပျိုးပင်အရွယ်တွင် အမြစ်ပိုး ကာကွယ်ဆေးအတွက် ငွေကျပ်() သောင်းခွဲ၊ ပျိုးနှုတ်ခ၊ ပျိုးသယ်ခ၊ စိုက်ပျိုးစရိတ် အနေဖြင့် ငွေကျပ် ()သောင်း၊ ကွန်ပေါင်း ဓာတ်မြေဩဇာတစ်အိတ်နှင့် ပုလဲဓာတ်မြေဩဇာ တစ်အိတ်ခွဲအတွက် ငွေကျပ် ()သောင်း၊ မြေပြင် ထွန်/ထယ်ခအဖြစ် ငွေကျပ်()သောင်းခွဲ၊ ရိတ်သိမ်း ချွေလှေ့ခအတွက် ငွေကျပ် ()သောင်းခွဲ ကုန်ကျကြောင်း သင်တောင်းကျေးရွာမှ စပါးစိုက်တောင်သူ ဦးမောင်စိုးက ပြောပြပြီး ထွက်နှုန်း အနေဖြင့် လယ်တစ်ဧတွင် စပါးတင်(၈၀)မှ(၁၀၀)အထိ ထွက်ရှိကြောင်းနှင့် စပါးတစ်တင်း ရောင်းဈေးမှာ ငွေကျပ်()သောင်းနှင့် ငွေကျပ်()သောင်း ဈေးအမျိုးမျိုးရှိကြောင်းလည်း သိရသည်။

ကျောက်ဆည် မြို့နယ်အနေဖြင့် ယခုနှစ် နွေးစပါးရာသီတွင် ဆည်များအတွင်း မိုးရေဝင်ရောက်မှု နည်းပါးသောကြောင့် နွေသီးနှံများစိုက်ပျိုးရန်အတွက် ရေပေးဝေရာတွင် စပါးစိုက်ပျိုးရေ မပါသော်လည်း တောင်သူများအနေဖြင့် မိမိတို့၏ သဘောဆန္ဒအရ အခြားနွေသီးနှံအတွက် ပေးဝေသည့် ရေပိုရေလျှံများနှင့် စိုက်ပျိုးထားသည့် နွေစပါးစိုက်ဧက(၈၇)ဧက ရှိကြောင်းလည်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ သိရသည်။

သက်မောင်(ကျောက်ဆည်)