ကရင်ပြည်နယ်ကောင်စီဥက္ကဋ္ဌဖလား ယှဉ်ပြိုင်ရန် ကော့ကရိတ်မြို့နယ်အတွင်းရှိ အသက် (၂၁)နှစ် အောက် အမျိုးသားဘောလုံးအားကစားများ ရွေးချယ်

ကော့ကရိတ်  ဧပြီ  ၂၆

ကရင်ပြည်နယ်ကောင်စီဥက္ကဋ္ဌဖလား  အသက် (၂၁) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ၂၀၂၁ ခုနှစ်၊ မေ ၄ ရက်နေ့တွင် ကျင်းပ ပြုလုပ်မည်ဖြစ်ရာ အဆိုပါပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ကော့ကရိတ်မြို့နယ်အတွင်းရှိ အသက် (၂၁)အောက် ဘောလုံးအားကစား သမားများအား ရွေးချယ်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က ကော့ကရိတ်မြို့ မအားကစားကွင်း၌ ​ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကော့ကရိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ အသက် (၂၁)နှစ်အောက် အားကစား သမား (၃၅) ဦးတို့မှ လာရောက် အရွေးချယ်ခံကြကြောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက  အသင်းတစ်သင်းလျှင် အသင်းသား ၁၂ ဦးဖြင့် အသင်းနှစ်သင်းခွဲကာ အားကစားသမားများအား အလှည့်ကျ ယှဉ်ပြိုင်ကစားစေခဲ့ပြီး အကောင်းဆုံးကစားခဲ့သည့် အားကစားသမား (၁၈)ဦး အား ရွေးချယ်ခဲ့ကြသည်။

အဆိုပါ ရွေးချယ်ခဲ့သည့် ဘောလုံးအားကစားသမား(၁၈) ဦးတွင် ဂိုးသမား ၂ ဦး အနောက်တန်း ၆ ဦး၊ အလယ်တန်း ၅ ဦးနှင့် အရှေ့တန်း ၅ ဦးတို့ ပါဝင်ကြောင်း သိရသည်။ ယမန်နှစ်က ကရင်ပြည်နယ်တွင် ကျင်းပခဲ့သည့် အသက် (၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် တတိယဆု ရရှိခဲ့ကြောင်း အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။

စောအောင်မျိုးလွင် (ပြန်/ဆက်)