မိုင်းတုံ ဧပြီ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မုံးထမြို့၌ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှု ကြောင့် ပျက်စီးဆုံရှုံးခဲ့သော လေဘေးသင့်အိမ်ထောင်စုများအတွက် ဧပြီလ (၂၂)ရက်နေ့ မွန်းလွဲ(၁) နာရီ က ထောက်ပံ့ငွေများ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီလ (၁၂) ရက်နေ့နှင့် (၁၄)ရက်နေ့ ညက မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှု ကြောင့် အမှတ်(၂)ရပ်ကွက်မှ သွပ်မိုးဝါးထရံကာ နေအိမ်(၃)လုံး၊ အမှတ်(၃)ရပ်ကွက်မှ သွပ်မိုးဝါးထရံကာ နေအိမ်(၂)လုံး စုစုပေါင်းနေအိမ်(၅)လုံး အမိုးလန်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသော နေအိမ်(၅)လုံးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလွင်မိုးနှင့် မိုင်းဆတ်ခရိုင်၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူတို့က ထောက်ပံ့ငွေကျပ် (၄၂၀၀၀၀) ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်