မြောက်ဦးမြို့၌ မီးသတ်တပ်ဖွဲ့ဝင်များမှ တိုက်ပွဲရှောင်စခန်းများသို့ သွားရောက်ပြီး မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး အသိပညာပေးဟောပြော

မြောက်ဦး ဧပြီ ၂၄

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်၌ ပူပြင်းခြောက်သွေ့သော ပွင့်လင်းရာသီတွင် ပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးနိုင်စေရန် ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာ ကွယ်တား ဆီးရေးဆိုင်ရာ ညွှန်ကြားချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပေးဟောပြောခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်များရှိ တိုက်ပွဲရှောင် စခန်းများသို့ သွားရောက်ပြီး အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ထိုသို့ မီးဘေးအန္တရာယ် အသိပညာပေးဟောပြောရာ၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယ မြို့နယ် မီးသတ် ဦးစီးမှူး ဦးသန်းလှိုင်၊ လက်ထောက်မီးသတ်ဦးစီးမှူး ဦးနေဇင်ထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက သျှစ်သောင်း ဘုန်းတော်ကြီးကျောင်း တိုက်ပွဲရှောင်စခန်း၊ လက်ကောက်ဈေး ဘုန်းတော်ကြီးကျောင်း တိုက်ပွဲရှောင်စခန်း၊ မြတန်ဆောင်းဘုန်းကြီးကျောင်းရှိ တိုက်ပွဲရှောင် စခန်း၊ နရတ်ဘုရားသိမ် တိုက်ပွဲ ရှောင်စခန်းနှင့် အောင်စေတီဘုရား တိုက်ပွဲရှောင်စခန်းများသို့ သွားရောက်ပြီး မီးဘေးလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များ ဖြစ်သော  မီးချိတ်၊ မီးကပ်၊ သဲအိတ်နှင့် မီးသတ်ဆေးဗူးစသည့် မီးဘေးကာကွယ်ရေး ပစ္စည်းများ အသင့်ထားရှိရေး၊ တိုက်ပွဲရှောင်စခန်းများတွင် လောင်စာဆီများ သိုလှောင်ခြင်းမပြုရန်၊ တပ်ဆင်ထားသော ဟောင်းနွမ်းလျှပ်စစ် ဝါယာကြိုးများနှင့် ပျက်စီးနေသော လျှပ်စစ်ပစ္စည်းများ အသုံး မပြုကြရန်၊ မီးသွေးမီးဖိုဖြင့် ထမင်း၊ ဟင်းချက် ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များအား စနစ်တကျ မီးငြှိမ်းသတ်ကြရန်စသည့် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေ ရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်/ရှောင်ရန်အချက်များအား တိုက်ပွဲရှောင်စခန်းများရှိ စခန်းတာဝန်ခံ များနှင့် ပြည်သူများ သိရှိ လိုက်နာစေရန် အသိပညာပေးဟောပြောခဲ့ကြောင်း  သိရှိရသည်။

ခင်မောင်ထွန်း(ပြန်/ဆက်)