အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်၌ လျှပ်စစ်ဝါယာလျှော့ ဖြစ်မှုကြောင့် မီးလောင်မှု တစ်ရပ်ဖြစ်ပွား

မန္တလေး ဧပြီ ၂၄

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်၌ လျှပ်စစ်ဝါယာလျှော့ ဖြစ်မှုကြောင့် ယနေ့ နံနက်ပိုင်းက မီးလောင်မှုတစ်ရပ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်၊ အကွက်(၄၀)၊ ၇၆ လမ်း၊ ၁ လမ်းနှင့် ၂ လမ်းကြားနေ  ဦးတင်ဝင်း ၅၈နှစ်(ဘ) ဦးမောင်ကို ပိုင်ဆိုင်သည့် ရွှေပွင့်ခိုင် မင်္ဂလာခန်းမ တတိယထပ် တွင် ယနေ့ နံနက် ၈ နာရီခွဲက မျက်နှာကျက်၌ တပ်‌ဆင်ထားသော LED မီးလုံးမှ ဝါယာလျှော့ဖြစ်၍ အောက်ရှိဆိုဖာခုန်ပေါ်သို့ မီးပွားများ ကျရောက်ကာ မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်ရာသို့ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းထွန်း၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ကိုကို၊ အောင်မြေသာစံမြို့နယ် မီးသတ်ဦးစီးမှူး ဦးမြင့်ခိုင်ပါ သန္ဓေတပ်ဖွဲ့ဝင်(၃၀)ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင်(၇၀)ဦး စုစုပေါင်း(၁၀၀)ဦးတို့က အုပ်ချုပ်မှုယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၅)စီး၊ မီးငြှိမ်းသတ်ယာဉ် (၁၀)စီးတို့ဖြင့်ရောက်ရှိ မီးငြှိမ်းသတ်ရာ နံနက် ၈ နာရီ မိနစ် ၄၀ တွင် မီးငြှိမ်း သတ်နိုင်ခဲ့သည်။

အဆိုပါမီးလောင်မှုကြောင့် မျက်နှာကျက်နှင့် ဆိုဖာခုန်များ မီးလောင်ဆုံးရှုံးသွားပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်တစ်သိန်းရှိကြောင်း သိရပြီး လျှပ်စစ်မီးအား ပေါ့ဆစွာသုံးစွဲသူ ဦးတင်ဝင်းအား အမှုဖွင့်အရေးယူနိုင်‌ရေး သက်ဆိုင်ရာ နယ်မြေရဲစခန်းမှ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 ဇော်လင်းဦး(အောင်စံ)