လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေနှင့် မြေလွတ်မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေ၊ နည်းဥပဒေ များရှင်းလင်းတင်ပြခြင်း အစည်းအဝေး ကျင်းပ

မော်လမြိုင် ဧပြီ            ၂၃

လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေနှင့် မြေလွတ်မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေ၊ နည်း ဥပဒေများရှင်းလင်းတင်ပြခြင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲက မော်လမြိုင်မြို့ မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အောင်ဆန်းခန်းမတွင် ကျင်းပသည်။

အစည်းအဝေးတွင် မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းက လယ်ယာ မြေနှင့် ဆက်စပ်ပတ်သက်လျက်ရှိသည့် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို လက်တွေ့လိုက်နာကျင့်သုံးအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လယ်ယာမြေဥပဒေပုဒ်မ ၁၅(က) အရ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကို(၂၂.၂.၂၀၂၁)ရက်စွဲပါ အမိန့်ကြေငြာစာအမှတ်(၁၁/၂၀၂၁)ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ပြင်ဆင်ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ မွန်ပြည်နယ်လယ်ယာမြေစီမံခန့် ခွဲမှုအဖွဲ့ကိုလည်း ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ ဥက္ကဋ္ဌအဖြစ်ပါဝင်ကာ စုစုပေါင်း အဖွဲ့ဝင် (၁၁)ဦးဖြင့်(၁၃.၄.၂၀၂၁)ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်းထားရှိပြီးဖြစ်ပါကြောင်း၊ လယ်ယာမြေအခြားနည်း အသုံးပြုခွင့် ကိစ္စရပ်များ၊ လယ်ယာမြေနှင့် ပက်သက်၍ အငြင်းပွားသည့် ကိစ္စရပ်များကိုလည်း လယ်ယာ မြေဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များနှင့် အညီ ဖြေရှင်းဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါ ကြောင်း၊

ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီကိုလည်း မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏(၁.၃.၂၀၂၁)ရက်စွဲပါ အမိန့်ကြေငြာစာအမှတ် (၃/၂၀၂၁) ဖြင့် ပြင်ဆင်ဖွဲ့စည်းပေးထားပြီးဖြစ်၍ ပြည်နယ်ကော်မတီအနေဖြင့် ဖွဲ့စည်းနိုင်ရေးဆောင်ရွက်သွားရန် လိုအပ်မှာဖြစ်ပါကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကိစ္စရပ်များနှင့် ပက်သက်၍ လည်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ၊ နည်းဥပဒေများနှင့် အညီဆောင်ရွက်သွား ရမှာဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် မွန်ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး ဦးမင်းသိန်းမှ လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေနှင့် မြေလွတ်မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေ၊နည်းဥပဒေများကို ရှင်းလင်း ပြောကြားပြီး ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်၊ မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီအဖွဲ့ဝင်များနှင့် တက်ရောက်လာကြသူများတို့က ဆွေးနွေးတင်ပြကာ မွန်ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

အဆိုပါ လယ်ယာမြေဥပဒေတွင် အခန်းပေါင်း(၁၃)ခန်း၊ ပုဒ်မပေါင်း(၄၃)ခုနှင့် နည်းဥပဒေတွင် အခန်းပေါင်း(၁၃)ခန်း၊ နည်းဥပဒေအပိုဒ်(၁၁၇)ပိုဒ်ပါဝင်ပြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့် ခွဲရေး ဥပဒေတွင် အခန်း(၁၀)ခန်း၊ ပုဒ်မပေါင်း(၃၄)ခုနှင့် နည်းဥပဒေတွင် အခန်းပေါင်း(၁၀)ခန်း၊ နည်း ဥပဒေအပိုဒ်(၇၉)ပိုဒ်ပါဝင်ကြောင်းသိရသည်။

ဝေလင်းအောင်