ရှမ်းပြည်နယ်(တောင်ပိုင်း)ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံပြီးစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူအသိပညာပေးဆွေးနွေးပွဲပြုလုပ်

 

ပင်းတယ    ဧပြီ    ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ပွေးလှ ကျေးရွာအုပ်စု၊ ရှောက်ပင်ကျေးရွာ ရေဂနိုင်သဘာဝတောရ ဘုန်းတော်ကြီးကျောင်းတွင် စိုက်ပျိုးရေး နှင့်မွေးမြူရေးကိုအခြေခံပြီး စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူအသိ ပညာပေးဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီကကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးအာကာလင်းမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်မော်မော်လွင်မှ စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့်စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့်တောင်သူများမှ စိုက်ပျိုး ရေးဆိုင်ရာ သိလိုသည်များကိုဆွေးနွေးမေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးပြောကြား ခဲ့ကြောင်းသိရသည်။

အဆိုပါဆွေးနွေးပွဲတွင် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးအာကာလင်းမှ တောင်သူတို့၏ လိုအပ် ချက်များနှင့် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးနိုင်ရေးတို့အတွက် ပင်းတယမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်းသိရသည်။ ဆက်လက်၍ ကျားကုန်းကျေးရွာအုပ်စု၊ တည်ပင်ကျေးရွာဘုန်းတော်ကြီးကျောင်းတွင်လည်း စိုက်ပျိုး ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

  ပင်းတယ(ပြန်/ဆက်)