ကိုဗစ်-၁၉ ရောဂါကာကွယ်​ဆေး၊ သံဖြူဇရပ်တွင် ဒုတိယအကြိမ်ထိုးနှံ​ပေး

သံဖြူဇရပ်    ဧပြီ  ၂၃                   

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်​ဆေးကို ပထမအကြိမ် ထိုးနှံပြီးသည့် သံဃာ​တော်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ဒုတိယအကြိမ်အဖြစ် ယနေ့နံနက် ပိုင်းတွင် ထိုးနှံပေးလျက်ရှိသည်။

 

ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသည့် သံဖြူဇရပ်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ အသီးသီးမှဝန်ထမ်းများအား မြို့နယ်ကျန်းမာ​ရေးဦးစီးဌာနအစည်းအ​ဝေးခန်းမတွင် ယနေ့ နံနက် ၈ နာရီ အချိန်မှ စတင်ကာ ကျန်းမာ​ရေးဌာနဝန်ထမ်းများမှ ​သွေးပေါင်ချိန်တိုင်းခြင်း၊​​ ကာကွယ်​ဆေးထိုးရန် မသင့်သည့်ရောဂါအခံရှိ/မရှိစစ်​ဆေးခြင်း​ဆောင်ရွက်ပြီး​နောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ဆေးကို ဒုတိယအကြိမ်ထိုးနှံ​ပေးခဲ့ကြောင်းသိရသည်။


ထို့အတူ ယနေ့မွန်းလွဲ ၂နာရီတွင် သံဖြူဇရပ်မြို့ မြို့​တော်ဦးပရိယတ္တိစာသင်တိုက်​ကျောင်းတွင်လည်း ရပ်ကွက်/​ကျေးရွာ သံဃာ့ နာယကအဖွဲ့ဆရာတော်များအား၊ နယ်​မြေခံတပ်မ​တော်​ဆေးဝန်ထမ်းများမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်းနှင့် ကာကွယ်​ဆေး ဒုတိယအကြိမ်ထိုးနှံရန်ကျန်ရှိ​နေသည့် သံဃာ​တော်များကိုလည်း သတ်မှတ်​နေ့ရက်များ အလိုက် တပ်မ​တော်​ဆေးဝန်ထမ်းများမှ ထိုးနှံ​ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

အေး​အေးသီ(သံဖြူဇရပ်)