မြောက်ဦးမြို့ ရတနာ့မာရ်အောင်တောရဓမ္မရိပ်သာမှ ဆရာတော်သံဃာတော်များနှင့် သီလရှင်များ အား ဆွမ်းဆန်စိမ်းလောင်းလှူ

မြောက်ဦး ဧပြီ ၂၃

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ရှိ  ရတနာ့မာန်အောင်တောရဓမ္မရိပ်သာ ဘုန်းတော်ကြီး ကျောင်းအတွင်း၌ သီတင်းသုံးနေထိုင်တော်မှုကြကုန်သော ဆရာတော်သံဃာ တော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် ယောဂီများ တရားကျင့်ကြံပွားများအားထုတ်ရာ၌ ဆွမ်းအဆင်ပြေစေရေးအတွက် မြို့ပေါ်ရပ်ကွက်နေ ပြည်သူများမှ ယမန်နေ့ ညနေ ၄ နာရီက  ဆွမ်းဆန်စိမ်းလောင်းလှူ ကုသိုလ်ဒါနပြုလောင်းလှူခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွမ်းဆန်စိမ်းလှူဒါန်းလောင်းလှူရာ ဆရာတော်သံဃာတော်များ၊ သာသနာ့ နွယ်ဝင် သီလရှင်များနှင့် ယောဂီသူတော်စင်များမှ မိမိတို့အိမ်ရှေ့အရောက် မြို့တစ်ပတ်လှည့် လည်၍ ဆွမ်းဆန်တော်အလှူခံလှည့်လည်ရာ မြို့ပေါ်ရပ်ကွက်များဖြစ်သည့် အောင်တပ်၊ မြို့သစ်၊ အောင်မင်္ဂလာ၊ ဗန္ဓုလ၊ ကြက်လျှာကျွန်းနှင့် ကုန်သည်တန်းရပ်ကွက်နေ  ကုသိုလ်ရှင်၊ ပါရမီရှင် အလှူရှင်ပြည်သူများက နေ့ဆွမ်းနှင့်အာရုံဆွမ်းအဆင်ပြေစေရေးအတွက် ဆွမ်းဆန်တော်များ လှူဒါန်းလောင်း လှူခဲ့ကြောင်း သိရှိရသည်။

ခင်မောင်ထွန်း(ပြန်/ဆက်)