နေပြည်တော်ကောင်စီရုံးတွင် တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်များနှင့် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော် ဧပြီ  ၂၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်များနှင့် အခြေခံပညာ ကျောင်းများဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ(၁)နာရီတွင် နေပြည်တော် ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် ကနေပြည်တော်အတွင်းရှိ တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်များနှင့် အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းများ ဥပဓိရုပ်ကောင်းမွန် စေရေး၊ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး၊ ပညာသင်ကြားရာတွင် အဆင်ပြေချောမွေ့စေရေးတို့ကို ဆွေးနွေးပေးစေလိုကြောင်း၊ ကျောင်းစာကြည့်တိုက်များဖွင့်လှစ်ထားရှိရန် လိုအပ်ကြောင်း၊ ကျောင်းသား/ ကျောင်းသူများအားလူတော်လူကောင်းများဖြစ်အောင် လေ့ကျင့်သင်ကြားပေးရာတွင် ဆရာ၊ဆရာမများက အဓိကကျကြောင်းပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးဇေယျာလင်း က တက္ကသိုလ်၊ ဒီဂရီ၊ကောလိပ် များနှင့် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက်ပြင်ဆင်ဆောင်ရွက်သင့်သည့်အချက်များကို ရှင်းလင်း ဆွေးနွေးသည်။

ယင်းနောက် တက်ရောက်လာကြသည့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ စိုက်ပျိုးရေးသိပ္ပံ ကျောင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း၊ အစိုးရနည်းပညာအထက်တန်းကျောင်းတို့မှ ကျောင်းအုပ်ကြီးများ၊ နေပြည် တော်ပညာရေးမှူး၊ ခရိုင်ပညာရေးမှူးများနှင့် မြို့နယ်ပညာရေးမှူးများက ကျောင်းများ ပြန်လည်ဖွင့်လှစ် နိုင်ရေးအဆင့်ဆင့်စစ်ဆေးဆောင်ရွက်ထားရှိမှု အခြေအနေများကို အသီးသီးတင်ပြကြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက လိုအပ်ချက်များအား ဖြည့်စွက်ပြောကြားခဲ့ကြောင်းသိရသည်။

ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)