ခရမ်းမြို့နယ်တွင် သံဃာတော်များ၊ အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ၀န်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ဒုတိယအကြိမ်)ထိုးနှံပေး

ခရမ်း ဧပြီ ၂၁

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်၊  ခရမ်းမြို့နယ်တွင် သံဃာတော်များ၊ အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ၀န်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယ အကြိမ်) ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းအချိန်က ခရမ်းမြို့သကျမာရိဇိန်ကြေးသွန်းဘုရားကြီး၏ သာသနာ့ဗိမာန် တော်ကြီးတွင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  ထိုးနှံရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်မောင်ရင် ဦးဆောင်သော ကျန်းမာရေး ၀န်ထမ်းများက ကာကွယ်ဆေး လာရောက်ထိုးနှံကြသည့်  သံဃာတော်များ၊ အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ ၀န်ထမ်းများနှင့် ပြည်သူများကို ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးပြီးနောက် ပုံမှန် အနေအထားရောက်မှသာ   စနစ်တကျ ကာကွယ် ဆေးထိုးနှံပေးပြီး ဆေးထိုးနှံသူများကို မိနစ် ၃၀ ခန့် အနားယူစေကာ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

(ဒုတိယအကြိမ်) ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ လမ်းညွန်ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိပြီး ခရမ်းမြို့ပေါ်ရပ်ကွက်နှင့်ကျေရွာများရှိ အသက် ၁၈နှစ်ပြည့်ပြီး သူများအား (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို  ဧပြီ ၂၁ ရက်နေ့မှ မေ ရက်နေ့အထိ ထိုးနှံပေးမည်ဖြစ်ကြောင်းသိရသည်။

ကိုမင်း ( ခရမ်း )