မြို့‌ပေါ်ရပ်ကွက်များသို့အန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖတ်ပူဇော်

တွံတေး ဧပြီ ၂၁

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် တွံတေးမြို့နယ် မြို့ပေါ်ရပ်ကွက်များသို့ မြို့နယ် သံဃနာယက အဖွဲ့မှ ဆရာတော်များက ယမန်နေ့ညနေ ၄ နာရီခွဲ အချိန်က မြန်မာနှစ်သစ်ကူး အန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။

ပထမဦးစွာ နမောတဿ()ကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီးနောက် တွံတေးမြို့နယ် နိဓြောရုံ ကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တနန္န္ဒောဘာသနှင့် မြို့နယ်သံဃနာယက အဖွဲ့ ဆရာတော်များသံဃာ့တော်များမှ မြို့ပေါ်ရပ်ကွက် ()ရပ်ကွက်သို့ လှည့်လည်၍ အန္တရာယ်ကင်း ပရိတ်တရားတော်များရွတ်ဖတ်ပြီး ပရိတ်ရေများ ပက်ဖြန်းခဲ့ကြောင်းသိရသည်။

မျိုးလှိုင် ( တွံတေး)