သန်လျင် ဧပြီ ၂၁
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့၊ အထွေထွေရောဂါကုဆေးရုံကြီးတွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက အဆိုပါ အထွေထွေရောဂါ ကု ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးရာသို့ ရန်ကုန်တောင်ပိုင်းခရိုင် (သန်လျင်) အထွေထွေရောဂါကုဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာ ချိုချိုလွင်နှင့် တာဝန်ရှိသူများက အနီးကပ် ကြီးကြပ်ကာ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံကြသူများ အဆင်ပြေချောမွေ့ စေရန်အတွက် ကျန်းမာရေးဝန်ထမ်းများက ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်း နှင့် ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သန်လျင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် အဖြစ် အသက်အရွယ် ကြီးသူများ၊ အသက် (၅၀) နှစ်အထက်နှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများ စုစုပေါင်း (၃၁၀၈ )ဦးအား ထိုးနှံပေးခဲ့ကြောင်း သန်လျင် မြို့၊ အထွေထွေရောဂါကုဆေးရုံကြီး တာဝန်ရှိသူထံမှ သိရသည်။
ပြည်သူများအနေဖြင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံပြီးသော်လည်း ရောဂါကူးဆက်ပျံ့နှံ့မှုမရှိစေရေးအတွက် နေအိမ်ပြင်ပထွက်ခွာသွားလာတိုင်း ပါးစပ်နှာခေါင်းစည်း Mask မဖြစ်မနေတပ်ဆင်ရန်၊ လူစူလူဝေးရှောင်ရှားပြီး တစ်ဦးနှင့်တစ်ဝေး ဝေး နေကြရန်၊ မည်သည့်အရာကိုမဆို ကိုင်တွယ်ပြီးပါက မကြာခဏ လက်အား ဆပ်ပြာ၊ ရေတို့ဖြင့်ဆေးကြော ကြရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေးစည်းကမ်းချက်များ အတိုင်း လိုက်နာ နေထိုင်ကြရန်လိုအပ်ကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)