မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေ အနေအား ကွင်းဆင်းကြည့်ရှု

မော်လမြိုင်      ဧပြီ      ၂၁

မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများတို့သည် ယနေ့မွန်းလွဲ ၁ နာရီခွဲက မုဒုံမြို့၊ စိုက်ပျိုးရေးဦးစီးဌာန (ဥယျာဉ်- ဇီဝဌာနခွဲ) ကန်ကလေးဥယျာဉ်ခြံသို့ သွားရောက်၍ သီးနှံများစိုက်ပျိုးထားမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုခဲ့သည်။

ရှေးဦးစွာ မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့အား ကန်ကလေးဥယျာဉ်ခြံ ရှင်းလင်း ဆောင်တွင် ကန်ကလေးဥယျာဉ်ခြံ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေနှင့် ဆက်လက်ဆောင် ရွက်မည့် အစီအစဉ်တို့ကို ဥယျာဉ်ခြံတာဝန်ခံ ဦးစီးအရာရှိ ဦးမျိုးတင့်အောင်မှ ရှင်းလင်းတင်ပြပြီး မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် ကောင်စီဝင်များက ရှင်းလင်းတင်ပြ ချက်များ အပေါ် လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ထို့နောက် မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ကန်ကလေးဥယျာဉ်ခြံ၌ သစ်သီး ဝလံများ စိုက်ပျိုးထုတ်လုပ်မှု အခြေအနေ၊ မျိုးစုဆောင်းစိုက်ပျိုးထားရှိမှု အခြေအနေနှင့် သုတေသန ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုခဲ့သည်။

အဆိုပါ ကန်ကလေးဥယျာဉ်ခြံသည် မွန်ပြည်နယ် မုဒုံမြို့မှ (၄) မိုင်အကွာ မော်လမြိုင်- သံဖြူဇ ရပ်သွား ကားလမ်းမကြီးဘေးတွင် တည်ရှိပြီး ဒူးရင်းသီးကို အဓိကထား စိုက်ပျိုးကြောင်း သိရှိရသည်။

ထို့နောက် မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် မော်လမြိုင်မြို့ ကြာအင်းကျေးရွာ ရှိ ဥစားကြက်မွေးမြူရေးလုပ်ငန်းအား ကြည့်ရှုခဲ့ကြောင်းသိရသည်။

ဝေလင်းအောင်