မိုင်းယောင်းမြို့နယ်တွင် ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား ကျန်းမာရေး စောင့်ရှောက်မှုပေး

မိုင်းယောင်း ဧပြီ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကျန်းမာရေး စောင့်ရှောက်မှုများကို တစ်ထောင့် တစ်နေရာမှ အထောက်အကူပြုစေရန်အတွက် ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများကို လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ဧပြီ ၁၈ ရက် ညနေပိုင်းက ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို) ကျောင်းဆရာတော်အား အဆိုပါ ကျောင်းတိုက်၌လည်းကောင်း၊ ဧပြီ ၁၄ ရက် ညနေပိုင်းက အမှတ်(၂)ရပ်ကွက်၊ ကြောင်ကျိုက်ကျောင်း ဆရာတော်အား အဆိုပါ ကျောင်းတိုက်၌လည်းကောင်း မိုင်းယောင်းမြို့နယ် အုပ်ချုပ်ရေးမှူး၏ဇနီး ဒေါက်တာ နန်းရှဲန်အွန်က ကျန်းမာရေး စစ်ဆေးပေးပြီး လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်ပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း