ကျောက်ပန်းတောင်းမြို့တွင် ထေရ်ကြီးဝါကြီးဆရာတော်ကြီးများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး

ကျောက်ပန်းတောင်း ဧပြီ ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ နှင့် စေတနာ့ဝန်ထမ်းများအား၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခြင်းကို ယမန်နေ့ နံနက် နာရီက စတင်၍ မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမ္ဗာန်တော်ကြီးတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့် မိတ္ထီလာတပ်နယ်မှ ဗိုလ်ကြီး သက်ကိုလွင်နှင့် မြို့နယ်ကုသရေး ဦးစီးဌာနမှ ဒေါက်တာမီမီသက်၊ သူနာပြုဒေါ်နီလာစိုးတို့ ဦးဆောင်သည့် ကျန်းမာရေးဌာနဝန်ထမ်း (၃၅)ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်မှ အနီးကပ်ကြီးကြပ်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်း(၁၅)ဦးတို့ဖြင့် မှတ်တမ်းယူအဖွဲ့()ဖွဲ့၊ ကျန်းမာရေးစစ်ဆေးသည့် အဖွဲ့()ဖွဲ့နှင့် ကာကွယ်ဆေးထိုး အဖွဲ့()ဖွဲ့ခွဲ၍ ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

ယနေ့ ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေး (ပထမအသုတ်) ထိုးနှံမှုတွင် ထေရ်ကြီးဝါကြီးဆရာတော် ကြီး(၄၇)ပါး၊ ဌာနဆိုင်ရာဝန် ထမ်း(၅၆၀)ဦးနှင့် စေတနာ့ဝန်ထမ်း(၃၆)ဦး၊ စုစုပေါင်း သံဃာ(၄၇)ပါးနှင့် လူပုဂ္ဂိုလ် (၅၉၆)ဦး ထိုးနှံပေးခဲ့ကြောင်း သိရပြီး၊ (၁၈..၂၀၂၁)ရက်မှစတင်၍ ပထမအသုတ်အဖြစ် ဒုတိယအကြိမ်ထိုးနှံရမည့် သံဃာနှင့် လူပုဂ္ဂိုလ် စုစုပေါင်းမှာ (၇၄၂၄) ဦးဖြစ်ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)