မြန်မာ့နှစ်သစ်ကူးအခါသမယတွင် သထုံမြို့နယ်အတွင်းရှိ အကျဉ်းထောင် အကျဉ်းစခန်းများမှ အကျဉ်းသား ၁၀၄ ဦး လွတ်ငြိမ်းချမ်းသာခွင့်ရရှိ

သထုံ ဧပြီ ၁၇

နိုင်ငံတဝှမ်းလုံးရှိ အကျဉ်းထောင်နှင့် အကျဉ်းစခန်းအသီးသီးတို့၌ အကျဉ်းချအချုပ်ကျခံနေရသည့် အကျဉ်းသား၊ အကျဉ်းသူများအား မြန်မာနှစ်ဆန်းတစ်ရက်နေ့ ယနေ့တွင် မြန်မာနှစ်သစ်မင်္ဂလာ အခါသမယ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထား၍ လည်းကောင်း လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ရာ  သထုံမြိုနယ်အတွင်းရှိ အကျည်းထောင်၊ အကျည်းစခန်းအသီးသီးတို့မှ အကျည်းသား ၁၀၄ ဦး လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့ကြောင်း သိရသည်။

လွတ်ငြိမ်းခွင့်ရရှိသူများအား သထုံအကျဉ်းထောင်တာဝန်ခံ ဦးဇော်မင်းထွန်းနှင့် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇောတို့က မိမိတို့ရပ်ရွာအကျိုးကို အများနည်းတူ ပူးပေါင်းဆောင်ရွက်ပြီး အေးချမ်းစွာဆက်လက် နေထိုင်ကြရေး အမှာစကားများ ပြောကြားပြီး လွတ်ငြိမ်းခွင့်လက်မှတ်နှင့် ခရီးစားရိတ်များ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)