လသာမြို့နယ်တွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်ပွဲကျင်းပ

လသာ ဧပြီ ၁၇

လသာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ဝေယျာဝေစ္စအဖွဲ့တို့ ပူးပေါင်း၍     မြန်မာသက္ကရာဇ် ၁၃၈၃ခု၊ တန်ခူးလဆန်း ()ရက်၊ ၂၀၂၁ခုနှစ်၊ ယနေ့ မြန်မာ နှစ်ဆန်းတစ်ရက်နေ့တွင် မြို့နယ်အတွင်း အန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ် ပူဇော်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်တွင် ဆရာတော်၊ သံဃာတော် ()ပါးတို့က မော်တော်ယာဉ်များဖြင့် ရပ်ကွက်များ အတွင်း လှည့်လည် ရွတ်ဖတ် ပူဇော်ခဲ့ကြောင်း သိရသည်၊၊

ယင်းနောက် နံနက် ၉ အချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးခန်းတွင် အန္တရာယ်ကင်း ပရိတ်တရားတော် နာယူခဲ့ကြပြီး နံနက် ၉ နာရီ ၅၀ မိနစ်အချိန်တွင် အမှတ်()ရပ်ကွက်၊ လမ်း(၂၀)ရှိ မြို့နယ်ဓမ္မာရုံတွင် လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှဝေခဲ့ပြီး နေ့ဆွမ်းကပ်လှူဒါန်းကာ နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန်တွင် အခမ်းအနားအောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရသည်၊၊

မြို့နယ်(ပြန်/ဆက်)