ညောင်ဦးမြို့နှင့် ပုဂံမြို့တို့တွင် ဆရာတော်/သံဃာတော်များမှ မော်တော်ယာဉ်ဖြင့် လှည့်လည်၍ အန္တရာယ်ကင်း ပရိတ် ရွတ်ဖတ်ပူဇော်

ညောင်ဦး ဧပြီ ၁၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နှင့် ပုဂံမြို့တို့တွင် နိုင်ငံတော်ဩဝါဒစရိယ ရုပ်စုံကျောင်းဆရာတော် ဘဒ္ဒန္တက္ကုဒ်ဝံသ ဦးဆောင်တော်မူကာ ဆရာတော်/သံယာတော်များမှ ယနေ့နံနက် ၆ နာရီခွဲ အချိန်မှ စတင်ကာ အမှတ်()ရပ်၊ တိုက်သစ်ကျောင်းတိုက်မှ စတင်ကာ အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ် ပူဇော်ခဲ့ကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းထံက သိရသည်။

မြန်မာသက္ကရာဇ် ၁၃၈၃ခုနှစ်၊ တန်ခူးလဆန်း ၆ ရက်နေ့ (နှစ်ဆန်းတစ်ရက်နေ့) ၂၀၂၁ခုနှစ်၊ ဧပြီ ၁၇ ရက်နေ့တွင် ညောင်ဦးမြို့နှင့် ပုဂံမြို့တို့တွင် အန္တရာယ်ကင်းပရိတ် ရွတ်ဖတ်ပူဇော်ကြရာ ရွှေစည်းခုံ ဘုရားလမ်းမကြီးမှ မဏိစည်သူဈေးအဝိုင်းပတ်၊ ထိုမှ အမှတ်()နယ်မြေ၊ သာယာဝတီဆိပ်ကမ်း၊ ထိုမှတဆင့် ကျောက်ပန်းတောင်း-ညောင်ဦး လမ်း(ဘုရားနီလမ်း) လေယာဉ်ကွင်းလမ်းဆုံမှ ပုဂံမြို့သစ် သို့သွားရာ လမ်းမကြီးတလျှောက် အန္တရာင်းကင်း ပရိတ်ရွတ်ဖတ် ပူဇော်ကြသည်။

ထိုမှတဆင့် ပုဂံမြို့သစ်မှ လောကနန္ဒာ စွယ်တော်မြတ်စေတီသို့ ရောက်ရှိရာ ဂေါပကအဖွဲ့မှ အအေးနှင့် ဝတ္တုငွေများ ကပ်လှူပူဇော်ကြသည်။ ပြီးနောက် ပုဂံမြို့သစ်မှ ပုဂံမြို့ဟောင်းလမ်းအတိုင်း အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ် ပူဇော်ခဲ့ကြပြီး မြင်းကပါကျေးရွာရှိ မနုဟာဘုရားဂေါပကအဖွဲ့မှ အအေးနှင့် လှူဖွယ်ဝတ္တုတို့ ကပ်လှူပူဇော်ခဲ့ကြောင်း၊ ပုဂံမြို့ဟောင်းလမ်းအတိုင်း ကန်တော့ပလ္လင်ဘုရား၊ ဗူးဘုရား၊ အာနန္ဒာဘုရားမှ ထီးလိုမင်းလိုဘုရား၊ ထိုမှ ရွှေစည်းခုံ ဘုရားလမ်းအတိုင်း ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆရာတော်/သံဃာတော်များမှ နမောတဿ()ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကာ သမန္တာမှစ၍ အာရက္ခံဂဏှန္တုထိရွတ်ဖတ်ပူဇော်ကြပြီး၊ မင်္ဂသုတ်၊ ရတနာသုတ်၊ မေတ္တာသုတ်၊ ဝဋ္ဋသုတ်၊ ရွတ်ဖတ်ပူဇော်ခြင်း၊ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်နှင့် ယံဒုန္နိမိတ္တံ()ဂါတာ၊ ဘဝတုသဗ္ဗမင်္ဂလံ ()ဂါတာတော်တို့ ရွတ်ဖတ် ပူဇော်ခဲ့ကြောင်းလည်း သိရသည်။

ကိုထိန်၊KPD