ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် မဲရုံ ၁၅၄ ရုံရှိပြီး မဲဆန္ဒရှင် ၁၅၀၀၀၀ ခန့်ရှိ

ဒဂုံမြောက် ဩဂုတ် ၇

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် အတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကို ဇူလိုင် ၂၅ ရက်နေ့မှ ဩဂုတ် ၇ ရက်အထိ ကြေညာထားမည်ဖြစ်ရာ မဲဆန္ဒရှင်များ လာရောက် ကြည့်ရှုလျက်ရှိသည်။

အဆိုပါ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် မိမိအမည်ပါမပါနှင့် ကိုယ်​ရေး အချက်အလက်မှန်ကန်မှုရှိစေရန် ကြည့်ရှုစစ်ဆေး ရမည်ဖြစ်ပြီး မှားယွင်းမှု တစ်စုံ တစ်ရာရှိပါက သတ်မှတ်ပုံစံများ တောင်းဆို လျှောက်ထားရမည်ဖြစ်ရာ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် ဩဂုတ်လ ၅ ရက်နေ့အထိ မဲစာရင်း လာရောက် ကြည့်ရူသူ အိမ်ထောင်စုပေါင်း ၁၃၆၁၅ စု၊ လာရောက် ကြည့်ရှုသူမဲဆန္ဒရှင်  ၃၃၈၇၅ ဦး ဝန်းကျင်ရှိကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ရပ်ကွက် ၂၇ ရပ်ကွက်၊ မဲရုံပေါင်း ၁၅၄ ရုံ၊ အိမ်ထောင်စု ပေါင်း(၄၀၀၀၀) ကျော်၊ မဲဆန္ဒရှင် ပြည်သူပေါင်း ၁၄၉၂၄၅ ဦးတို့က မဲပေးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိပြီး မဲစာရင်း လာရောက်ကြည့်ရှုသူများမှ ပုံစံ(၃)ဖြင့် လျှောက်ထားသူ ၆၀၃၆ ဦး၊ ကန့်ကွက်လွှာပုံစံ(၄)ဖြင့် လျှောက်ထားသူ ၉၉၀ ဦး၊ ပြင်ဆင်လွှာပုံစံ(၄-ဂ) ဖြင့် လျှောက်ထားသူ ၃၉၂၀ ဦးရှိကြောင်း၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

မြင့်မြင့်ရီ(ပြန်/ဆက်)