ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မီးလောင်မှုဖြစ်ပွား

 

ဒဂုံတောင် ဧပြီ ၈

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ်(၅၃) ရပ်ကွက် ဘိုးလှကြီးဘုရားလမ်းနှင့် ပိတောက်မြိုင်လမ်းထောင့်ရှိ (၅၃) ရပ်ကွက် အုပ်ချုပ် ရေးမှူးရုံး (၂၀) (၄၀) သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း (၁) ထပ် အဆောက်အဦ မီးလောင်မှု ဖြစ်ပွားသဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြင့်သူ ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင် (၆) ဦးဖြင့် မီးငြိမ်း သတ်ခဲ့ရာ ( ၂၂)နာရီ အချိန်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် ရပ်ကွက်ရုံး အမိုးအောက်ရှိ ဝါးမျက်နှာကြပ် (၁၅) (၂၀) ပေခန့် မီးလောင်ဆုံးရှုံးခဲ့ရာ ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ် (၂၀၀၀၀) ဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

မီးလောင်မှုကြောင့် လူနှင့်တိရစ်ဆာန် ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်းနှင့် မီးလောင်မှု ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးဆဲ ဖြစ်ကြောင်း သိရသည်။

အိကေသရီ(ပြန်/ဆက်)