အင်းစိန်မြို့နယ်၌ မီးလောင်မှုဖြစ်ပွား

 

ရန်ကုန် ဧပြီ ၈

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ ပေါက်တောဝရပ်ကွက်၊ ဘုရင့်နောင် လမ်းမကြီးနှင့် အောင်သပြေလမ်းထောင့်၌ ယနေ့ (၅) နာရီ (၄၅)မိနစ်အချိန်က အလျား(၄၀)ပေ၊ အနံ(၁၅)ပေရှိ အုတ်ညှပ်သွပ်မိုး(၂)ထပ် အဆောက်အဦအား မီးလောင်နေကြောင်း သိရသဖြင့် ရန်ကုန်မြောက်ပိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်၊ အင်းစိန် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဝင်းအောင်၊ အဖွဲ့ဝင် ဗိုလ်မှူး သုခလှိုင်၊ အတွင်းရေးမှူး ရဲမှူးအောင်နိုင်မိုး၊ အင်းစိန်မြို့နယ် မီးသတ်ဦးစီးမှူး ဦးရန်နိုင်ဖြိုး၊ မီးသတ်ယာဉ် (၂) စီးတို့ ရောက်ရှိ၍ ရပ်ကွက်နေပြည်သူများနှင့်အတူ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ (၅) နာရီ (၅၇) မိနစ် အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ပေါက်တောရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အဆောက် အဦနှင့် ခြံစည်းရိုးကြား အကျယ်(၆)ပေခန့်ရှိ ရုံး၏တံစက်မြိတ်အောက်တွင်ထားရှိသော သစ်သား ကုလားထိုင်အဟောင်း(၁)လုံး၊ ရုံးရှေ့မျက်နှာစာ(၂)ပေ၊ (၂)ပေခွဲပတ်လည်ရှိ ပြူတင်း ပေါက် (၁)ချပ်၊ စာရွက် စာတမ်းအဟောင်း (အနည်းငယ်) မီးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး (၁ဝဝဝဝိ/−) ကျပ်ခန့်ရှိကာ အခင်းဖြစ်နေရာတွင် ဓာတ်ဆီထည့်ပြီး မီးစာတပ်ထားသော မီးလောင်းကျွမ်းခြင်းမရှိသေးသည့် ပဲနို့ဖန်ပုလင်း (၁)လုံးနှင့် မီးလောင်းကျွမ်းပြီးသည့် M150 အချိုရည်ဖန်ပုလင်းအကွဲ(၁)လုံးတို့အား သိမ်းဆည်းရရှိခဲ့ပြီး ပေါက်တောရပ်ကွက် အုပ်ချုပ် ရေးမှူးရုံးအား ဘုရင့်နောင်လမ်းမပေါ်မှ မီးပုလင်းဖြင့် ပစ်ခတ်ခဲ့ကြောင်း သုံးသပ်တွေ့ရှိရသဖြင့် မီးပုလင်းဖြင့် ပစ်ပေါက်သူအား ဉပဒေနှင့်အညီ အရေးယူနိုင်ရေး စုံစမ်းစစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(အင်းစိန်)