ကျောက်ဆည် မတ် ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ အိမ်ထောင်စု(၃၈၇၂)စု၊လူဦးရေ(၁၈၄၄၆)ဦး အကျိုး ပြုမည့် ကျေးရွာ(၁၅)ရွာအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဖြစ်သည့် ကျေးရွာတွင်းလမ်းများအား ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာနှစ်တွင် အသုံးပြငွေ(၁၈.၄၃)ကျပ်သန်းဖြင့် အရှည်ပေ(၁၀၀၅)ပေ၊ အနံ(၁၂)ပေ၊ ထု(၆)လက်မရှိ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။
ကျေးရွာတွင်း ကွန်ကရစ်လမ်းများခင်းရာတွင် လမ်းများ ရေရှည်တည်တံ့ ခိုင်မြဲစေရေးအတွက် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ ကျေးရွာလမ်းကော်မတီဝင်များ ပူးပေါင်း ညှိနှိုင်ခဲ့ကြပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ခဲ့ရာ ကျေးရွာ(၁၀)ရွာတွင် ကွန်ကရစ်လမ်းများ ရာခိုင်နှုန်းပြည့်နီးပါး ပြီးစီးခဲ့ပြီ ဖြစ်ကြောင်းသိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအဖြစ် ရွာတွင်းကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းများကို ပတ္တာ၊ ကျီးအိပ်၊ ငှက္ကတောင်၊ အနောက်ရွာနန်း၊ တောင်နောက်၊ တံတားဦးကုန်း၊ သမန်းသာ၊ တံတားဦးလေး၊ တောင်တော်၊ မြောင်းဘောင်၊ ညွှန့်ပင်၊ မန်ကျည်းတော၊ မြို့သာ၊ ကိုးပင်၊ ခတက်ကုန်း ကျေးရွာများတွင် ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)