ကျောက်ပန်းတောင်း မတ် ၂၄
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် အင်တော ကျယ်ကျေးရွာသည် ထန်းလက် ကုလားထိုင်အမြောက်အများပြုလုပ်ရောင်းချသည့်ကျေး ရွာဖြစ်ကာ ယခုနှစ်တွင်ထန်းလက်ကုလားထိုင်များ လာရောက်ဝယ်ယူမှုနည်းသည့်နှစ်တ နှစ်ဖြစ်ကြောင်း ကုလားထိုင်ပြုလုပ်ရောင်းချသည့် ဦးဝင်းနိုင်ထံကသိရသည်။
ထန်းလက်ကုလားထိုင်၊ ထန်းလက်စားပွဲ၊ ထန်းလက်ဖာများပြုလုပ်ရောင်းသည့် အင်တောကျယ် ကျေးရွာသည် ကျောက်ပန်းတောင်း-မိတ္ထီလာကားလမ်းမကြီးဘေးတ ဘက်တချက်တွင် တည်ရှိကာ ကျောက်ပန်းတောင်းမြို့မှ ငါးမိုင်ခန့်အကွာတွင်တည်ရှိပြီး နှစ်စဉ်နှစ်တိုင်း ထန်းလက်များစုဆောင်းထားကာ ထန်းလက်ကုလားထိုင်မြောက်အများ ပြုလုပ် ရောင်းချခြင်းဖြင့် မိသားစုစီးပွားရေးတစ်နိုင်တစ်ပိုင်ဝင်ငွေရရှိနေကြကြောင်းသိရသည်။ အင်တောကျယ်ကျေးရွာတွင်ထန်းလက်ကုလားထိုင်များအားကားလမ်းဘေးဝဲ/ယာ တွင်ချထားပြီး ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဒေသို့ဘုရားဖူးလာရောက်ပြီးအပြန် တွင် ကားရပ်ဝယ်ယူမှုများကြကြောင်း၊ အခါတိုင်းနှစ်များတွင် ထန်းလက်ကုလားထိုင် ရောင်းအားကောင်းကြပြီး ယခုနှစ်တွင် ထန်းလက်ကုလားထိုင်များရောင်းချရမှုအလွန် နည်းကြောင်း၊ ထန်းလက်ကုလားထိုင်ပြုလုပ်ရာတွင် ထန်းလက်များအား တစ်လက်ငါး ဆယ်ကျပ်ဖြင့် ရသလောက်ဝယ်ယူစုဆောင်းထားကာ ထန်းလက်ကုလားထိုင်ပြုလုပ်ကြ ကြောင်း၊ ထန်းလက်ကုလားထိုင်ပြုလုပ်ရန် စောက်၊တူ၊ သံမှိုသာလိုအပ်ပြီး ကုလားထိုင် ခြေထောက်၊ ကုလားထိုင်အခင်း၊ကုလားထိုင်ကွပ်များကို ထန်းလက်ဖြင့်သာပြုလုပ်ရောင်း ချပြီး ကုလားထိုင်တစ်လုံး ၄၅၀၀ကျပ်၊ ခြေဆန့်အိပ်ကုလားထိုင်တစ်လုံး ၆၀၀၀ကျပ်၊ ထန်းခေါက်ဖာကတော့ အကြီး/အသေးပေါ်မူတည်ပြီးဈေးကွာခြားကြောင်းသိရပြီး ယခု နှစ်တွင် ထန်းလက်ကုလားထိုင်ရောင်းချရမှုလွန်းနည်းကာ အခါတိုင်းနှစ်များတွင် ထန်းလက်ကုလားထိုင် အမြောက်အများရောင်းချရကြောင်း၊ ထန်းလက်ကုလားထိုင် ရောင်းချရမှု အလွန်နည်းသည့် နှစ်တနှစ်ဖြစ်ကြောင်းလည်း ဦးကျော်ကျော်နိုင်ကရှင်းပြ၍ သိရသည်။
မောင်မောင်ထိန်၊ကျောက်ပန်းတောင်း