စစ်တွေ မတ် ၂၃
ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများအား ယနေ့ နံနက်ပိုင်း တွင် စစ်တွေမြို့ကုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး၊ ဆေးရုံအုပ်ကြီး ရုံးခန်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး(COVISHIELD)ကို ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာဆေးထိုးနှံခြင်းဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်း များက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးကြခြင်းဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံးမှ ညွှန်ကြားရေးမှူးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများအား စစ်တွေမြို့ကုတင် ၅၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်များက ကာကွယ်ဆေး ထိုးနှံပေးကြသည်။ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများသည် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဖေဖော်ဝါရီလ ၂၃ နေ့ကစတင် ထိုးနှံခဲ့ပြီး ယနေ့တွင် ဒုတိယအကြိမ် ထိုးနှံကြခြင်းဖြစ်သည်။ ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာအောင်ကျော်မင်းနှင့် အဖွဲ့ဝင်များ အပါအဝင်များသည် စစ်တွေမြို့ကုတင် ၅၀၀ ဆံ့ပြည်သူ့ဆေးရုံကြီး လေးထပ်ဆောင်၌ ဆေးရုံတက်ရောက် ဆေးကုသမှု ခံယူနေသော စစ်တွေမြို့၊ ဘောင်းဒွတ်သားစုရပ်ကွက်၊ မဟာအောင်မြေဘုံကျော် ကျောင်းတိုက်ဆရာတော် သာသနဓဇ ဓမ္မာစရိယ ဘဒ္ဒန္တဣန္ဒာဝံသအားဖူးမြော်ကာ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)