ကျောက်ဆည်မြို့နယ်၌ နွေနှမ်းနှင့်ပဲတီစိမ်းများ စတင်စိုက်ပျိုးလျက်ရှိ

ကျောက်ဆည် မတ် ၂၃ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ယခုနှစ် နွေသီးနှံ စိုက်ဧက (၁၄၅၀၀)ဧက စိုက်ပျိုးရန်အတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေများ ပေးဝေလျက်ရှိရာ တောင်သူများ အနေဖြင့် နွေသီနှံများဖြစ်သည့် နွေနှမ်းများနှင့် ပဲတီစီမ်းသီးနှံများ စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။ ထိုသို့စိုက်ပျိုးရေများ ပေးဝေရာတွင် ဇော်ဂျီရေသောက်စနစ်ဖြစ်သည့် ငပြောင်ဆည် နွားတက်မြောင်းမှ နှမ်းစိုက် ဧက(၅၁၉၄)ဧကနှင့် ပဲတီစိုက်ဧက(၆၄၂)ဧက၊ ငပြောင်ဆည် ငပြောင်မြောင်းမှ နှမ်းစိုက်ဧက(၁၅၀၂)နှင့် ပဲတီစိုက်ဧက(၃၂၀)ဧက၊ သင်းတွဲဆည် သင်တွဲမြောင်းမှ နှမ်းစိုက်ဧက(၃၂၀၂)ဧကနှင့် ပဲတီစိုက်ဧက(၃၀၀)ဧက၊ မင်းရဲဆည် မင်းရဲမြောင်းမှ နှမ်းစိုက်ဧက(၁၂၃၄)ဧကနှင့် ပဲတီစိမ်းစိုက်ဧက(၁၁၃)ဧက၊ မင်းရဲဆည် တမုတ် မြောင်းမှ နှမ်းစိုက်ဧက(၁၅၅၉)ဧကနှင့် ပဲတီစိုက်ဧက(၄၃၄)ဧက တို့အတွက် စိုက်ပျိုးရေးများကို မတ်လဆန်းမှ စတင်ကာ အလုံအလောက်ပေးလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးချိုဦးက ပြောပြသည်။ ကျောက်ဆည်မြို့နယ်၌ စိုက်ပျိုးရေပေးဝေသော ဆည်များအတွင်းသို့ မိုးရွာသွန်းမှုနည်းပြီး ရေဝင်ရောင်မှု နည်းပါးသောကြောင့် ယခုနှစ်တွင် နွေးနှမ်းစိုက်ဧက(၂၆၉၁၄)ဧကနှင့် ပဲတီစိမ်းစိုက်ဧက(၁၀၉)ဧက ရေပေးဝေ နိုင်ခဲ့ကြောင်း သိရှိရပြီး ယခင်နှစ်က နွေသီးနှံစိုက်ပျိုးရန်အတွက် နွားတက်မြောင်းမှ (၁၅၁၆၅)ဧက၊ ငပြောင် မြောင်းမှ(၃၁၂၂)ဧက၊ အထက်လင်းဇင်းမြောင်းမှ (၆၅၉)ဧက၊ သင်းတွဲမြောင်းမှ(၆၄၈၃)ဧက၊ မင်းရဲမြောင်းမှ (၂၂၁၃)ဧက၊ တမုတ်မြောင်းမှ(၄၄၁၆)ဧက စုစုပေါင်း(၃၂၀၅၈)ဧက စိုက်ပျိုးရေပေးဝေနိုင်ခဲ့ကြောင်း သိရှိရ သည်။ သက်မောင်(ကျောက်ဆည်)