ရန်ကုန် မတ် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်နိုင်စေရန် ရည်ရွယ်၍ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က အင်းစိန် မြို့နယ်၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတွင် ထိုးနှံခဲ့ကြောင်း သိရသည်။
ထိုးနှံရာတွင် မတ်လ(၉)ရက်နေ့၌ စေတနာ့ဝန်ထမ်းများ၊ မတ်လ(၁၂)ရက်နေ့၌ အသက်(၃၇)နှစ်မှ အသက်(၆၅) နှစ်အထက် သက်ကြီးရွယ်အိုများ၊ မတ်လ(၂၃)ရက်နေ့၌ အင်းစိန်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများကို အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယမြို့နယ်ကျန်းမာရေးမှူး (စီမံ/ဘဏ္ဍာ)မှ ဒေါက်တာ မိုးမိုးမြင့်နှင့် ဝန်ထမ်းများက ကိုဗစ်−၁၉ ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ပြီး အင်းစိန်မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးပြီးသူ (၅၀၀)ဦးခန့် ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို(အင်းစိန်)