ညောင်ဦး မတ် ၁၄
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ဖွံ့ဖြိုး ရေးဦးစီးဌာနမှ နတ်သမီးကမ်းပါးမြစ်ရေတင်စီမံကိန်းဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများ သို့ ရေဖြန့်ဝေပေးလျှက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအေးလွင်ထံကသိရသည်။
အဆိုပါ နတ်သမီးကမ်းပါးမြစ်ရေတင်စီမံကိန်းတွင် တောင်ဇင်းနှင့်စက်စက်ယိုရေ ပိုက်လိုင်း(၂)လိုင်းရှိပြီး တောင်ဇင်းရေပိုက်လိုင်းသည် ပိုက်လိုင်းအရှည် (၂၉)မိုင်ရှည်ပြီး ရေစက်ရုံ ငါးရုံ၊ရေလှောင်ကန် ခြောက်ကန်ဖြင့်နေ့စဉ် ရေဂါလံ ( ၃.၉၅)သိန်းခန့်ကို အဆင့်ဆင့်ရေတွန်းတင်၍ တိုက်ရိုက်ရေပေးဝေသည့် ကျေးရွာ (၃၂)ရွာနှင့်တဆင့်ရေပေး ဝေသည့် ကျေးရွာ(၁၆)ရွာ၊ စုစုပေါင်းကျေးရွာ (၄၈)ရွာရှိပြီး အိမ်ခြေပေါင်း(၉၀၀၀)ကျော်၊ လူဦးရေ (၅၃၀၀၀)ကျော်အားအကျိုးပြုရေပေးလျှက်ရှိကြောင်းသိရသည်။စက်စက်ယို ကျေးရွာရေပိုက်လိုင်းသည်ပိုက်လိုင်းအရှည် (၃၆)မိုင်ရှိပြီး ရေစက်ရုံ(၇)နှစ်ရုံ ၊ရေလှောင် ကန်(၁၃)ဖြင့် နေ့စဉ်ရေဂါလံ (၃.၀၅)သိန်းခန့်ကိုအဆင့်ဆင့်ရေတွန်းတင်၍ တိုက်ရိုက်ရေ ပေးဝေသည့် ကျေးရွာ (၃၅)ရွာနှင့်တဆင့်ကျေးပေးဝေသည့် ကျေးရွာ (၂၂)ရွာ၊ စုစုပေါင်း ကျေးရွာ (၅၇)ရွာရှိ အိမ်ခြေ(၁၄၀၀၀)ကျော် ၊လူဦးရေ (၆၁၀၀၀)ကျော်အား ရေပေးဝေ လျှက်ရှိကြောင်းသိရသည်။မြစ်ရေတင်စီမံကိန်းတစ်ခုအနေဖြင့် ပိုက်လိုင်းအရှည် (၆၅)မိုင် ရှိပြီး ရေစက်ရုံပေါင်း (၁၂)ရုံ၊ ရေလှောင်ကန် (၁၉)ကန်ဖြင့်နေ့စဉ် ရေဂါလံ (၇)သိန်းခန့် ရေဖြန့်ဝေပေးလျှက်ရှိရာ တိုက်ရိုက်ရေပေးဝေသည့် ကျေးရွာ (၆၇)ရွာ၊ ထပ်ဆင့်ရေပေး ဝေသည့် ကျေးရွာ (၃၈)ရွာ၊ စုစုပေါင်းကျေးရွာ (၁၀၅)ရွာရှိ အိမ်ခြေပေါင်း (၂၃၀၀၀)ကျော် နှင့်လူဦးရေပေါင်း(၁၁၄၀၀၀)ကျော်အားရေပေးဝေအကျိုပြုလျှက်ရှိကြောင်းအဆိုပါကျေးရွာများအား ရေတစ်ယူနစ်လျှင် ၄၀၀ကျပ် နှုန်းဖြင့် ဝန်ဆောင်မှုပေးကာ ဆောင်ရွက်လျှက် ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးအေးလွင်ကရှင်းပြသည်။
ညောင်ဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ရှိရေပေးဝေ ရေးစနစ်အား စနစ်(၂)မျိုးဖြင့် ရေတွန်းတင်ဆောင်ရွက်လျှက်ရှိရာ Pontoon မှရေတင် ခြင်းနှင့် ရေယူအဆောက်အဦအတွင်းမှရေတင်ခြင်းတို့ဖြစ်ပြီး Pontoon ပေါ်တွင် 100-HP Pump (၂)လုံးဖြင့် တစ်နာရီလျှင် ၃၅၀၀၀ ဂါလံနှုန်းဖြင့်လည်းကောင်း၊ ရေယူအဆောက် အဦအတွင်းမှ 83-HP Sewage Submersible Pump ဖြင့်တစ်နာရီလျှင် ၇၀၀၀၀ဂါလံနှုန်း ဖြင့်လည်းကောင်း ရေတွန်းတင်ပေးလျှက်ရှိကြောင်းသိရသည်။လက်ရှိအချိန်တွင် မြစ်ရေ အမှတ်ကျဆင်း၍ ရေယူအဆောက်အဦအတွင်း ရေဝင်ရောက်မှုနည်းပါးသောကြောင့် Pontoon အပေါ်ရှိ 100-HP Pump (၂)လုံးဖြင့်နေ့စဉ် ရေတွန်းတင်ပေးလျှက်ရှိကြောင်း လည်းသိရသည်။
ညောင်ဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွင်း ညောင်ဦးမြို့ နတ်သမီးကမ်းပါးမြစ်ရေတင်စီမံကိန်းလုပ်ငန်း ရေအလေအလွင့် ဆုံးရှုံးမှုများ လျော့နည်းစေရေးအတွက် တက်သိမ်းရပ်ကွက်၊လူနေအိမ်ခြေ အောက်သို့ ရောက်ရှိနေသော တောင်ဇင်းရေပိုက်လိုင်းအား ပိုက်လိုင်းလမ်းကြောင်း ပြောင်းလဲသွယ်တန်း နိုင်ရန် ၁၀လက်မအချင်း Black Steel (B.S)ပိုက် အရှည် ၂၅၀၀ ပေ သွယ်တန်းခြင်းလုပ်ငန်းကို ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်းလည်းသိရသည်။
ထို့ပြင် ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများအားသန့်ရှင်းသောသောက်သုံးရေ ရရှိနိုင်စေရန်အတွက် ကျေးလက်ရေရရှိရေး (၁၀)နှစ်စီမံကိန်း (Investment Plan)ကို လည်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်မှ ၂၀၃၀- ၃၀၃၁ဘဏ္ဍာရေးနှစ်အထိရေးဆွဲထားလျှက် ရှိကြောင်းလည်းသိရသည်။မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၂၂၀)နှင့်အိမ်ခြေ (၂၀)နှင့်အ ထက် တဲတိုက်ပေါင်း (၈၀)တို့ရှိ လက်ရှိရေသုံးစွဲမှုအခြေအနေအား ကွင်းဆင်းစိစစ်၍ ကျေးမရရှိနိုင်သောကျေးရွာ၊ ကျေးမလုံလောက်သောကျေးရွာ ၊သန့်ရှင်းသောသောက်သုံး ရေမရရှိသောကျေးရွာနှင့် ပြုပြင်ထိန်းသိမ်းပေးရန် လိုအပ်သောကျေးရွာများအဖြစ် ခွဲခြား ကာ တဲတိုက်များကိုလည်း ဦးစားပေးအဆင့် ဆောင်ရွက်ပေးရန်လိုအပ်သော ကျေးလက် ရေပေးရေးလုပ်ငန်းများအား ပထမ(၅)နှစ်နှင့် ဒုတိယ(၅)နှစ်ဟူ၍ကာလအပိုင်းအခြားနှစ် ခုပိုင်းခြားအကောင်အထည်ဖော်ဆောင်ရွက်သွားရန်အတွက် Pilot Project အဖြစ် စီမံ ကိန်းရေးဆွဲပြီးပြီးဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးရှိ ကျန်မြို့နယ်များတွင်လည်း ရေလက်ရေ ရရှိရေး (၁၀)နှစ်စီမံကိန်းကို ရေးဆွဲလျှက်ရှိကြောင်းသိရသည်။
ကိုထိန်၊KPD