မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသား (မွန်ပြည်နယ်သူ/သား) များကို နွေးထွေးစွာ ကြိုဆို

မော်လမြိုင်မတ် ၁၄ မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း၊ ကောင်စီဝင်များနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများတို့သည် ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် စစ်တောင်းတံတား (မုပ္ပလင်)၌ မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသား (မွန်ပြည် နယ်သူ/သား)များကို နွေးထွေးစွာ ကြိုဆိုခဲ့သည်။ မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားများ(မွန်ပြည်နယ်သူ/သား)များ ကို မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း၊ ကောင်စီဝင်များနှင့် တာဝန်ရှိသူများတို့က အစားအစာများ၊ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ကျန်းမာရေးသုံး ပစ္စည်းများနှင့် ထောက်ပံ့ငွေ များကို ပေးအပ်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသူများကို နေအိမ်များ သို့ ပြန်လည်ပို့ဆောင်ပေးနိုင်ရန် တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကာ မွန်ပြည်နယ်သို့ မလေးရှာနိုင်ငံမှ ပြန်လည် ရောက်ရှိလာသူ စုစုပေါင်း (၂၂၃) ဦးရှိကြောင်း သိရ သည်။ ထို့နောက် မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များသည် သထုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးပြီး သထုံမြို့နယ် ဒေးဗရိန်းကျေးရွာအုပ်စု ကွင်းအမှတ် (၇၀၂၊ ၇၀၃ (ခ)၊ ၇၀၅၊ ၇၀၆၊ ၇၀၇) ရှိ လယ်ယာမြေအဆင့်မြှင့်တင်ခြင်း (စနစ်တကျလယ်မြေ) (၉၅၈) ဧက ဖော်ထုတ်ခြင်းလုပ်ငန်း အခြေအနေအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။ ခရိုင်(ပြန်/ဆက်)