ကျောက်ဆည် မတ် ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျောက်ဆောက်ကုန်းကျေးရွာတွင် ကျေးလက်နေ ပြည်သူများ လူမှုဘဝမြင့်မားတိုးတက်လာစေရေးအတွက် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာတောင်သူ(၅၀)ဦးခန့်ပိုင်ဆိုင်သော မြေဧက(၃၀၀)ကျော် အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်းတစ်လမ်းအား ၂၀၂၀-၂၀၂၁ခြ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ပေးလျှက် ရှိကြောင်း သိရှိရသည်။
အဆိုပါ ကုန်ထုတ်လမ်းသည် အရှည်(၁/၁.၀၉)မိုင်၊ မြေသားထု(၂)ပေ၊ ဂျင်းကျောက်မြေ((၉)လက်မ၊ အကျယ် (၁၂)ပေ၊ လမ်းဘေးဝဲ/ယာတွင် (၂)ပေအနက်၊ (၂)ပေအကျယ် ရေနုတ်မြောင်းများပါပြီး ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၅၄.၁၇၉)သန်းဖြင့် ဇွဲအောင် ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူပြီး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အနီးကပ်ကြီးကြပ်မှုဖြင့် သတ်မှတ်ကာလအတွင်း သတ်မှတ်အရည်အသွေး စံချိန်၊စံညွှန်များနှင့်အညီ ပြီးစီးရေး ဆောင်ရွက်လျှက်ရှိကာ ကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီးပါက ကုန်ထုတ်လမ်းဘေး ဝဲ/ယာ မှ တောင်သူများစိုက်ပျိုးစိုက်ပျိုးထားသည့် သီးနှံမျိုးစုံကို အချိန်ရာသီမရွေး လွယ်ကူစွာ သယ်ယူနိုင်တော့မည်ဖြစ်ကာ တောင်သူလုပ်ရာတွင် ပိုမိုဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း သိရှိရသည်။
ယခုဖောက်လုပ်ပေးသော ကုန်ထုတ်လမ်းသည် စနယ်မြေစေး၊မြေအနက်လမ်းဖြစ်သည့်အတွက် မိုးရာသီတွင် စိုက်ခင်းထွက်ကုန်ပစ္စည်းများသယ်ယူပါက အခက်အခက်များစွာ ကြုံတွေ့ရသဖြင့် မြို့နယ်ကျေးလက်ဒေသလ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာမှ တောင်သူများအဆင်ပြေစေရေး ဖောက်လုပ်ပေးခြင်းဖြစ်ကြောင်း သိရှိရပြီး ကျောက်ဆောက်ကုန်း ကျေးရွာတွင် အိမ်းထောင်စု(၂၇၀)စု၊ လူဦးရေ(၁၃၅၀)ဦးခန့်နေထိုင်လျှက်ရှိကာ စိုက်ပျိုးမြေဧက (၈၀၀)ကျော်ပိုင်ဆိုင်ကာ ပြည်သူများ အနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိက လုပ်ကိုင် အသက်မွေးပြုကြကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)