မဘိမ်းမြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံ

မဘိမ်း     မတ်    ၁၂

          ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် သံဃာတော်များ၊ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၈ နာရီခွဲအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လူနာစောင့်များနားနေဆောင်၌  စတင်ထိုးနှံပေးလျက်ရှိသည်။

          ထိုသို့ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများ၊ တပ် မတော်သားဆရာဝန်များနှင့် တာဝန်ရှိသူများက ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် သွေးပေါင်ချိန်တိုင်း တာခြင်းများ ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိမှသာ စနစ်တကျကာကွယ်ဆေးထိုးနှံပေးပြီး ထိုးနှံပြီးသည့်သူများကို သီးသန့်နားနေဆောင်တွင် မိနစ် ၃၀ ခန့် နားနေစေကာ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးသည်။

အဆိုပါကာကွယ်ဆေးထိုးနှံရာသို့ စစ်ဗျူဟာအဖွဲ့(အခြေချ)(မိုးမိတ်) စစ်ဗျူဟာမှူး ဗိုလ်မှူး ကြီးဖြိုးမင်းဝင်း၊ မိုးမိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးကျော်ဇော်ဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်နှင့်အဖွဲ့ဝင်များ၊ အမှတ်(၂၇၆)ခြေလျှင်တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး နိုင်ဝင်းထွန်းနှင့်တပ်ဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ‌ဆောင်ရွက်ပေးကြောင်း သိရသည်။  

မျိုးမင်း (ပြန်/ဆက်)