မိုးမိတ် မတ် ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးခြင်းကို မတ်လ ၁၂ ရက် နံနက် ၈ နာရီ အချိန်က မြို့နယ် ပြည်သူ့ဆေးရုံ ၌ စုရပ်ပြုလုပ်၍ ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ယခု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်တွင် မိုးမိတ်မြို့နယ်အတွင်းရှိ သံဃာတော်များ နှင့် သီလရှင်ဆရာလေးများ ၊အသက် (၆၅) နှစ် အထက် သက်ကြီးဘိုးဘွားများနှင့် ဌာန ဆိုင်ရာဝန်ထမ်းများ၊ သယ်ယူပို့ဆောင်ရေး လုပ်သားများ ကိုထိုးနှံပေးသွားမည်ဖြစ်ပြီး ထိုသို့ထိုးနှံရာတွင် ရှေးဦးစွာ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ စာရင်းရေးသွင်းခြင်းတို့ဆောင်ရွက်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကာကွယ်ဆေးထိုးနှံပြီး နောက် မိနစ်(၃၀) စောင့်ကြည့်ခြင်း တို့ကို Social Distancing နှင့်အညီ ဆောင်ရွက်ခဲ့ပြီး ကိုယ်ဝန်ဆောင်များနှင့် လတ်တလော ဖျားနာနေသူများကို ကာကွယ်ဆေးထိုး နှံပေးခြင်း မရှိကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ကျန်းမားရေးဌာနမှဝန်ထမ်းများနှင့် အမှတ် (၂၀) ကုတင်(၁၀၀)တပ်မတော်ဆေးရုံမှ တပ်မတော်သားဆရာဝန်နှင့် သူနာပြုများက ပူးပေါင်းဆောင်ရွက် ပေးခဲ့ပြီး ယနေ့ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူများအား လေးပတ် အကြာတွင် ဒုတိယအကြိမ် ကာကွယ်ဆေးကို ထပ်မံထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
မိုးမိတ်သား(စည်သူဌေး)