နမ္မတူမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး

နမ္မတူ မတ် ၁၂

           နမ္မတူမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးခြင်းကို မတ်လ(၁၁)ရက်နေ့ နံနက် (၉)နာရီအချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ဆောက်ရွက်‌ပေးလျက်ရှိကြောင်း သိရသည်။

          ထိုသို့ ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံဆောင်ရွက်ရာတွင် နမ္မတူမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်း အယောက် (၁၀၂)ဦးအား မတ်လ (၁၁)ရက်‌နေ့တွင် စုရပ်တစ်ခု၌ ကာကွယ်ဆေးထိုးနေရာ (၂)နေရာခွဲ၍ ထိုးနှံပေးခဲ့ပြီး ကျန်ရှိဌာနဆိုင်ရာဝန်ထမ်းများအား နောက်ရက်များတွင် နေ့စဉ် အယောက် (၁၀၀)ဦးနှုန်းဖြင့် ဆက်လက် ထိုးနှံဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

ကာကွယ်ဆေးမထိုးမီ အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်းချိန်ခြင်း၊ ဆီးချိုသွေးချိုနှင့် အောက်ဆီဂျင်တိုင်းတာပေးခြင်း ဆောင်ရွက်ပြီးမှ ကာကွယ်ဆေး ထိုးပေးမှာဖြစ်ကြောင်း၊ ကာကွယ်ဆေး ထိုးပြီးပါက နာရီဝက်ခန့် စောင့်ကြည့်သွားမှာ ဖြစ်ကြောင်း၊ နောက် (၄)ပတ်ခြားပြီး ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေး ထပ်မံထိုးနှံပေးမှာဖြစ်ကြောင်း  သိရှိရသည်။

လူမော် (ပြန်/ဆက်)