မိုင်းရယ် မတ် ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်ရှိ နိုင်ငံ့ဝန်ထမ်းများနှင့် အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုးများ ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက်ပိုင်းမှစ၍ မိုင်းရယ်မြို့ပြည်သူ့ဆေးရုံတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကာကွယ်ဆေးမထိုးမီ ဆေးစစ်ခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးတိုးနှင့် ဆီးချိုရောဂါ ရှိ၊ မရှိ စစ်ဆေးခြင်းများ ပြုလုပ်ပြီးမှသာ ကာကွယ်ဆေးထိုးပေးသည်။
ကာကွယ် ဆေးထိုးပေးခြင်းအစီအစဉ်ကို မိုင်းရယ်မြို့နယ် ပြည်သူ့ဆေးရုံတွင် (၁၄၅၀)ဦး၊ လွယ်ငင် ကျေးလက်ကျန်းမာရေးဌာနတွင် (၁၆၀)ဦး၊ မန်စန့်ကျေးလက်ကျန်းမာရေးဌာနတွင် (၁၅၀)ဦးနှင့် မိုင်းဟမန်မုန်တိုက်နယ်ဆေးရုံတွင် (၃၀၉)ဦး စုစုပေါင်း ၂၀၆၉ ဦးကို နေရာ(၄)ခုခွဲ၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇင်ထိုက် (မြို့နယ် ပြန်/ဆက်)