‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့၌ မိုးသီးနှံပျက်စီးဧကများအတွက် ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

ဟိုပန် မတ် ၁၀

          ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့၌ မိုးသီးနှံပျက်စီးဧကများအတွက် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က ဟိုပန်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

          အခမ်းအနားတွင် ဟိုပန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဇော်မင်းဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဟိုပန်ခရိုင်စိုက်ပျိုးရေးဦးစီးမှူးက ထောက်ပံ့ပေးအပ်ပွဲ ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

          ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဇော်မင်းဦးနှင့် တာဝန်ရှိသူများမှ တောင်သူ ၄၄၈ ဦး၏ မိုးသီးနှံပျက်စီးဧက ၄၆၂ ဧကအတွက် တစ်ဧကလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် ပေးအပ်ရာ တောင်သူများကိုယ်စား မော်ဟွေ့၊ မန်မိုင်နှင့် မန်ကောင်း အုပ်ချုပ်ရေးမှူးများမှ လက်ခံခဲ့ကြပြီး နမ့်လျှံရပ်ကွက်အုပ်ချုပ်ရေးမှူးမှ အခမ်းအနားသို့ တတ်ရောက်လာသော တောင်သူများကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)