မိုင်းယောင်း မတ် ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် စည်ပင်သာယာရေးဌာနမှ အမှတ်(၅)ရပ်ကွက်အတွင်းရှိ နှင်းဆီလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းမှာ ဆောင်ရွက်ပြီးစီး သွားခဲ့သဖြင့် ယခုအခါ ဒေသခံပြည်သူများ၏ သွားလာရေးမှာ ပိုမိုကောင်းမွန်လာကြောင်း သိရသည်။
အဆိုပါလမ်းသည် အရှည်ပေ ၄၀၀၊ အကျယ် ၁၄ ပေနှင့် ထု ၃ လက်မရှိကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ စည်ပင်သာယာရေးဌာန၏ ပြည်နယ်ခွင့်ပြုရန်ပုံငွေ ၁၀ ဒသမ ၈ သန်းဖြင့် ဌာနကော်မတီမှ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း စည်ပင်သာယာရေးဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဦးစိုင်းဟိန်းလွမ်းမိုးထံမှ သိရသည်။
စိုင်းအောင်ဇော်လင်း