ပင်လောင်း မတ် ၄
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မြို့ပေါ်ရပ်ကွက်အတွင်းရှိ အသက်တစ်နှစ်ခွဲအောက် ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်း လုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါဆေးများမှာ ပိုလီယို၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ပြင်းထန် အဆုတ်ရောင်(ပီစီဗီ)၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ)-ဦးနှောက် အမြှေးရောင် (ငါးမျိုး စပ်ကာကွယ်ဆေး)၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်-ဂျိုက်သိုးရောဂါ ပုံမှန်ကာကွယ်ဆေးများဖြစ်ပြီး ပင်လောင်းမြို့နယ်အတွင်းရှိ တိုက်နယ်ဆေးရုံးများနှင့် ကျေးလက်ကျန်းမာရေးဌာနများမှ စုရပ်အသီးသီးတွင်လည်း ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်