ဆီဆိုင်မြို့နယ်၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး အဆောက်အအုံသစ်ဆောက်လုပ်မှု ၇၅ ရာခိုင်နှုန်းပြီးစီး

ဆီဆိုင် မတ် ၄ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး အဆောက်အအုံသစ်ဆောက်လုပ်နေမှု ၇၅ ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းသက်နောင်ထံမှ သိရသည်။ အဆိုပါရုံးသစ်သည် အလျားပေ ၄၀၊ အနံပေ ၃၀ပေရှိ အာရ်စီတစ်ထပ် အဆောက်အအုံဖြစ်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်(၃၂.၅)သန်းဖြင့် ဘုန်းမြတ်အောင်မြင်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိရာ လုပ်ငန်းအရည်အသွေးပြည့်မီရေး အတွက် မတ် ၃ ရက် နံနက် ၉ နာရီခွဲခန့်က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ မြို့နယ်လမ်းဦးစီးဌာန၊ ဦးစီးအရာရှိ(မြို့ပြ) ဦးဘဆန်းလှ၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာစိုင်းသက်နောင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ခွန်ရဲထွေး(ဆီဆိုင်)